DVB Logo
Home
မြန်မာသတင်း
အုန်းဖျန် ဒုက္ခသည်စခန်း မီးလောင်
DVB
·
February 3, 2014
အုန်းဖျန် ဒုက္ခသည်စခန်း မီးလောင်
Donate to DVB

ထိုင်း-မြန်မာနယ်စပ်ရှိ အုန်းဖျန် ဒုက္ခသည်စခန်းမှာ ဒီနေ့ မွန်းလွဲပိုင်း မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် အိမ်ခြေ ၁၁ လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်အလုံး ၅၀ ဖျက်လိုက်ရတယ်လို့ စခန်းလုံခြုံရေးဒု-တာဝန်ခံ ဦးကျော်လင်းစိုးက ပြောပါတယ်။

[caption id="attachment_51183" align="alignleft" width="300"]ဓာတ်ပုံ - Ler Lah Shee ဖေ့စ်ဘွတ်ခ် ဓာတ်ပုံ - Ler Lah Shee ဖေ့စ်ဘွတ်ခ်[/caption]

အုန်းဖျန်ဒုက္ခသည်စခန်းရဲ့ ဇုန်အေ ရပ်ကွက် ၅ မှာ ကလေးငယ်တဦးက မီးခြစ်ကစားရာကနေ မီးလောင်မှု စတင်ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

 မီးလောင်မှုကြောင့် ထိခိုက်သေဆုံးမှု မရှိပေမယ့် မီးလောင်မှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး အရေးယူ ဆောင်ရွက် သွားမယ်လို့လည်း ပြောပါတယ်။

မီးလောင်မှုကြောင့် အိုးအိမ်မဲ့သွားသူတွေကို စခန်းတာဝန်ရှိသူတွေက ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ကူညီပေးနေတယ်လို့ ပြောပါတယ်။

အုန်းဖျန်ဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့ ၂၀၁၂ ခု ဖေဖော်ဝါရီကလည်း မီးလောင်ခဲ့ဖူးပြီး ရပ်ကွက် ၄ ခု၊ အိမ်ခြေ ၁၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

အုန်းဖျန်ဒုက္ခသည်စခန်းဟာ ထိုင်း-မြန်မာနယ်စပ် တပ်ခ်ခရိုင်မှာ တည်ရှိပြီး ဒုက္ခသည်စခန်း ၁၀ ခုအနက် မယ်လဒုက္ခသည်စခန်းပြီးရင် ဒုတိယမြောက် လူဦးရေအများဆုံး စခန်းဖြစ်ပါတယ်။ ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်တွေကို အစားအစာနဲ့ တခြား လူမှုရေးအကူအညီတွေ ပံ့ပိုးပေးနေတဲ့ တီဘီဘီစီအဖွဲ့ရဲ့ စာရင်းအရ ဒုက္ခသည် ၁၇,၀၀၀ ကျော်​ ရှိတယ်လို့ သိရပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013