DVB Logo
Home
မြန်မာသတင်း
CDM ဝန်ထမ်းတစ်ဦး ရေးဆွဲသည့် ဒေါ်အောင်ဆန်းစုကြည်ပန်းချီကား ကျပ် ၇၇ သိန်းဖြင့် လေလံအောင်
DVB
·
January 17, 2022
CDM ဝန်ထမ်းတစ်ဦး ရေးဆွဲသည့် ဒေါ်အောင်ဆန်းစုကြည်ပန်းချီကား ကျပ် ၇၇ သိန်းဖြင့် လေလံအောင်
Donate to DVB

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့ ဝန်ထမ်းတယောက် ရေးဆွဲထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရုပ်ပုံ ပန်းချီကားတချပ်ကို လေလံတင်ရောင်းချခဲ့ရာမှာ ငွေကျပ် ၇၇ သိန်းနီးပါး ရရှိခဲ့တယ်လို့ သိရပါတယ်။

၂ ပေ × ၃ ပေအရွယ် အဆိုပါ ဆီဆေးပန်းချီကားကိုတော့ “မေတ္တာရေလျဉ်” လို့ အမည်ပေးထားပြီး ဒီအကြောင်းနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်ကတဆင့် ကြမ်းခင်းဈေး အမေရိကန်ဒေါ်လာ ၅၀၀ ကစတင် ဝယ်ယူနိုင်ကြောင်း မျှဝေထားခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာဝန်ကြီးဌာန လက်အောက်မှာတော့ CDM ဝန်ထမ်း ၅၀၀ ကျော်ရှိနေတယ်လို့ NUG ဝန်ကြီးက ပြောပါတယ်။

လတ်တလောမှာတော့ ဒီပန်းချီကားရောင်းရငွေထဲကနေ ပန်းချီပို့ဆောင်ဖို့ သုံးခဲ့ရတဲ့ ငွေ ၁ သိန်းသုံးပြီးတော့ CDM ပန်းချီဆရာကို ဉာဏ်ပူဇော်ခ ၅ သိန်းပေးအပ်နိုင်ခဲ့ပြီး ကျန်ငွေကို CDM ဝန်ထမ်းတွေရဲ့ Manufacturers Project အတွက် ၃၀ ရာခိုင်နှုန်းနဲ့ Section အလိုက် ခက်ခဲသူ CDM တွေအတွက် သုံးစွဲနိုင်အောင်  ၇၀ ရာခိုင်နှုန်း (၄၉ သိန်းတိတိ) ထောက်ပံ့ သုံးစွဲနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013