DVB Logo
Home
မြန်မာသတင်း
နှစ်ပတ်အတွင်း ပြည်တွင်း စက်သုံးဆီစျေး ၁၀ ရာခိုင်နှုန်း၀န်းကျင် မြင့်တက်
DVB
·
January 16, 2022
နှစ်ပတ်အတွင်း ပြည်တွင်း စက်သုံးဆီစျေး ၁၀ ရာခိုင်နှုန်း၀န်းကျင် မြင့်တက်
Donate to DVB

နှစ်ပတ်အတွင်း ပြည်တွင်း စက်သုံးဆီစျေး ၁၀ ရာခိုင်နှုန်း၀န်းကျင် မြင့်တက်ခဲ့ပြီး စက်သုံးဆီအမျိုး အစားအလိုက် တစ်လီတာကို  ၁၁၅ ကျပ်ကနေ ၁၄၀ ကျပ်အထိ မြင့်တက်ခဲ့တယ်လို့ မြန်မာနိင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူရေးအသင်း သတ်မှတ်ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ပြည်တွင်းစက်သုံးဆီ လက်လီစျေးနှုန်းက ဒီဇယ် တစ်လီတာကို ၁၃၆၀ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာကို ၁၃၈၀ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာကို  ၁၃၇၅ ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာကို ၁၄၄၀  ကျပ်သာရှိခဲ့ပါတယ်။

အငှားယာဥ်မောင်းတစ်ဦးက “ဆီစျေးက နေ့တိုင်း တစ်ရက်ကို ၁၅ ကျပ်တက်လိုက်၊ ၃၀ ကျပ်တက်လိုက်နဲ့ တက်နေတာ။ ခရီးသည်ကလည်း ရှားတော့  ကျနော်ဆိုရင် အရင်ရက်တွေက မကိုက်လို့ ကားရပ်ထားရတယ်” လို့  ပြောပါတယ်။

ဗဟိုဘဏ်က သတ်မှတ်ရည်ညွှန်းငွေလဲနှုန်းနဲ့ တိုက်ရိုက်ရောင်းချပေးခဲ့တဲ့ အမေရိကန်ဒေါ်လာ ၃၄ သန်းနဲ့ စက်သုံးဆီတင်သွင်းခဲ့တဲ့ ကုမ္ပဏီ ၂၆ ခုက  ဒီဇယ်ဆီဂါလန် ၁၂ ဒသမ ၅၄ သန်းကို ဒေသအသီးသီးက စက်သုံးဆီအရောင်းဆိုင် ၁၈၆ ဆိုင်မှာ အထူးစျေးနှုန်းနဲ့ ဇန်န၀ါရီ ၁၁ ရက်နေ့ကနေ စတင်ကာဖြန့်ဖြူးရောင်းချပေးနေတယ်လို့ စစ်ကောင်စီ ၀ါဒဖြန့် သတင်းစာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း အခုလို အထူးစျေးနှုန်းနဲ့  စက်သုံးဆီဆိုင်တစ်ချို့ က ရောင်းချပေးခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာမသိမ်းခင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေက ဒီဇယ် တစ်လီတာကို ကျပ် ၆၆၀၊ ပရီမီယံဒီဇယ် တစ်လီတာကို ကျပ် ၇၁၀၊ အောက်တိန်း 92 တစ်လီတာကို  ၆၆၅ ကျပ်၊အောက်တိန်း 95 တစ်လီတာကို  ၇၇၀ ကျပ်သာရှိခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် ကျပ်ငွေတန်ဖိုးကျဆင်းလာမှုနဲ့အတူ ပြည်တွင်းစက်သုံးဆီစျေးတစ် ရိပ်ရိပ်မြင့်တက်ခဲ့ရာ  ပြီးခဲ့တဲ့ စက်တင်ဘာလ နှောင်းပိုင်းမှာ ဒီဇယ် တစ်လီတာကို  ၁၆၄၀ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာကို ၁၆၅၀ ကျပ်၊ အောက်တိန်း 92 Ron တစ်လီတာ ၁၆၅၀ ကျပ်၊ အောက်တိန်း 95 Ron တစ်လီတာ ၁၆၉၀ ကျပ်အထိ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ အာဏာသိမ်းပြီး ၈ လအတွင်း စက်သုံးဆီစျေး ၂ ဆကျော် ၃ ဆနီးပါး မြင့်တက်ခဲ့တာပါ။

အမေရိကန်ဒေါ်လာဈေးနှုန်းကလည်း စစ်အာဏာမသိမ်းခင်က ၁ ဒေါ်လာကို ကျပ် ၁၃၀၀ ကနေ ၁၄၀၀ ဝန်းကျင်သာ ရှိခဲ့ရာက စက်တင်ဘာလနှောင်းပိုင်းမှာ ၁ ဒေါ်လာကို ကျပ် ၂၇၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး လက်ရှိမှာ တစ်ဒေါ်လာကို ပြင်ပပေါက်စျေး ကျပ် ၂၀၀၀ ၀န်းကျင်မှာ ရှိနေပါတယ်။

ဗဟိုဘဏ်အနေနဲ့လည်း ဒေါ်လာစျေးထိန်းချုပ်နိုင်ဖို့ အခုဇန်န၀ါရီ နှစ်ပတ်အတွင်းမှာ အမေရိကန် ဒေါ်လာ သန်း ၅၀ အထိ ထုတ်ရောင်းချထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ဒေါ်လာစျေး၊ ရွှေစျေး၊ စက်သုံးဆီစျေးတွေအပြင် အခြေခံစားသောက် ကုန်စျေး၊ လူသုံးကုန်စျေးနှူန်းတွေပါ အဆမတန်မြင့်တက်နေတာပါ။

ဇန်န၀ါရီ ၁၅ ရက်နေ့ နေ့လယ်ပိုင်းမှာ ပြည်တွင်းရွှေစျေး တစ်ကျပ်သားကို ကျပ် ၁၈ သိန်း ၆ သောင်း ၃ ထောင်ထိ စျေးမြင့်တက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013