DVB Logo
Home
မြန်မာသတင်း
အလုံမြို့နယ်၊ ထော်လီကွေ့မှတ်တိုင်အနီး ထူးဓာတ်ဆီဆိုင် ဗုံးပေါက်ကွဲ
DVB
·
January 16, 2022
အလုံမြို့နယ်၊ ထော်လီကွေ့မှတ်တိုင်အနီး ထူးဓာတ်ဆီဆိုင် ဗုံးပေါက်ကွဲ
Donate to DVB

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ ထော်လီကွေ့မှတ်တိုင်အနီးမှာရှိတဲ့ ထူးဓာတ်ဆီဆိုင်ဟာ ဇန်နဝါရီ ၁၆ ရက် မနက်ပိုင်းမှာ ဗုံး​ဖောက်ခွဲခံခဲ့ရပြီး မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် တစ်ဆိုင်လုံးနီးပါးပြာကျခဲ့ပါတယ်။ 

စစ်​ကောင်စီနဲ့ ဆက်စပ်ပြီး အကျိုးတူစီးပွားလုပ်ကိုင်နေတဲ့ ဦးတေဇပိုင်တဲ့ ဆိုင်ဖြစ်လို့ ဒီလို ဗုံးဖောက်ခွဲမှုပြုလုပ်ခဲ့တာလို့လည်း Special Task Agency of Burma - STA အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ 

“မနက် ၄ နာရီခန့်လောက်မှာ အလုံမြို့နယ်​၊ ထော်လီ​ကွေ့ မှတ်တိုင်အနီး ထူးဓာတ်ဆီဆိုင်မှာ ဗုံးပေါက်ပြီး မီးလောင်တာပါ။ မီးကတဖြည်းဖြည်း များလာတာရော ​ဆီ​ဆိုင်ဖြစ်တာကြောင့် ဆီနဲ့ ထိ​တွေ့ပြီး မီးလောင်ပေါက်ကွဲမှု ပြင်းထန်တာထင်တယ်။ နာရီဝက်ကျော်လောက်မှာ မီးကို ထိန်းနိုင်ပြီး ၅ နာရီဝန်းကျင်မှာ မီးလုံးဝငြိမ်းသွားတယ်။ ဗုံးက ဆီနဲ့မထိခင် ဘေးကအဆောက်အအုံကို ထိပြီး ပေါက်ကွဲတာဖြစ်ပြီး မီးကူးစက်လောင်တာ။ ဓာတ်ဆီနဲ့ ထိပြီး အကြီးအကျယ် မပေါက်ကွဲသေးတော့ ဝန်ထမ်း​တွေ အချိန်မီ ပြေးလို့လွတ်သွားတယ်” လို့ ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013