DVB Logo
Home
Lead Story
ဖိလစ်ပိုင်ကို ဆန်တန်ချိန် ၅ သိန်း တင်ပို့မည်
DVB
·
February 3, 2014
ဖိလစ်ပိုင်ကို ဆန်တန်ချိန် ၅ သိန်း တင်ပို့မည်
Donate to DVB

မြန်မာနိုင်ငံက ထွက်တဲ့ ပုလဲသွယ်အမျိုးအစား ဆန်တန်ချိန် ၅ သိန်း ဖိလစ်ပိုင်နိုင်ငံကို တင်ပို့ဖို့ နှစ်နိုင်ငံ တာဝန်ရှိသူတွေ ဇန်န၀ါရီ ၃၁ ရက်နေ့က နေပြည်တော်မှာ အမ်အိုယူ လက်မှတ်ရေးထိုးခဲ့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းရဲ့ တာဝန်ရှိသူ ဒေါက်တာ စိုးထွန်းက ဒီဗွီဘီကို ပြောပါတယ်။

Farmers scatter rice to clean it after collection from a field at Naypyitawဖိလစ်ပိုင်နိုင်ငံ လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက ကမ်းလှမ်းချက်အရ သဘောတူ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပေမယ့် တကယ့်တကယ် ဘယ်ဈေးနဲ့ တင်ပို့မယ်၊ ဘယ်အချိန်ကျရင် ဆန်တန်ချိန် ဘယ်လောက် တင်ပို့နိုင်မယ် အတိအကျ မပြောနိုင်သေးဘူးလို့ သူက ပြောပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်တုန်းကလည်း အင်ဒိုနီးရှားနိုင်ငံက မြန်မာ့ဆန် တန်ချိန် ၅ သိန်း ၀ယ်ယူမယ်လို့ ကမ်းလှမ်းခဲ့ပြီး အမ်အိုယူ ထိုးခဲ့ပေမယ့် တကယ့်လက်တွေ့မှာ ဆန်တန်ချိန် ၂ သောင်းလောက်ပဲ တင်ပို့ခဲ့ဖူးတဲ့ သာဓကတွေ ရှိခဲ့တယ်လို့ သူက ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ဒီဇင်ဘာလအတွင်း သမ္မတဦးသိန်းစိန် ဖိလစ်ပိုင်နိုင်ငံကို သွားရောက်ခဲ့စဉ် နှစ်နိုင်ငံ အစားအစာနဲ့ လုံခြုံစိတ်ချရမှုအစီအစဉ် သဘောတူခဲ့ပြီးနောက် ဒီ ဆန်တင်ပို့မှု သဘောတူညီချက် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013