DVB Logo
Home
မြန်မာသတင်း
လောင်တလိုင်စခန်းကို စစ်ရှောင်လာသည့် အသက် ၁၀၀ ဝန်းကျင် အဘွားအို အအေးဒဏ်ကြောင့် သေဆုံး
DVB
·
January 15, 2022
လောင်တလိုင်စခန်းကို စစ်ရှောင်လာသည့် အသက် ၁၀၀ ဝန်းကျင် အဘွားအို အအေးဒဏ်ကြောင့် သေဆုံး
Donate to DVB

ချင်းပြည်နယ် မတူပီမြို့နယ်က စစ်ကောင်စီနဲ့ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF) တို့ တိုက်ပွဲကြောင့်  မီဇိုရမ်ဘက် စစ်ဘေးရှောင်နေရတဲ့ ကစဲကျေးရွာက အသက် ၁၀၀ ဝန်းကျင်ရှိတဲ့ အဘွားနုတွယ်ဟာ  အအေးဒဏ်နဲ့ ပင်ပန်းတဲ့ဒဏ်ကြောင့် သေဆုံးခဲ့တယ်လို့ စစ်ဘေးရှောင် တွေဆီက သိရပါတယ်။

ဇန်နဝါရီ ၇  ရက်နေ့ကတည်းက  မီဇိုရမ်စစ်ဘေးရှောင်စခန်းကနေ လောင်တလိုင် စစ်ဘေးရှောင်စခန်းကို ဇန်နဝါရီ ၁၄ ရက်နေ့  ပြောင်းရွှေ့စစ်ဘေးရှောင်စဉ်မှာ  လောင်တလိုင်  အရောက်မှာ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

“ဒီနေ့ လောင်တလိုင် စစ်လေးရှောင်စခန်းကို ရောက်ရောက်ချင်း အသက်ရှုံးဆုံးသွားပြီ၊ ဘုရားရဲ့ ရင်ခွင်တော်မှာ အေးချမ်းစွာ အနားယူသွားပြီ၊ အအေးဒဏ်နဲ့ ပင်ပန်းဒါဏ်တွေကို မခံနိုင်လို့ အသက်ရှုံးဆုံးခဲ့ရတာပါ၊ တခြားရောဂါ မရှိပါဘူး” လို့ စစ်ဘေးရှောင်တစ်ဦးကပြောပါတယ်။

CDF မတူပီ နဲ့ စစ်ကောင်စီတပ်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး  ဇန်နဝါရီ ၁၃ ရက်နေ့ကလည်း  မတူပီ-မင်းတပ်လမ်းက လည်မျိုချောင်းဆုံမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြတာကြောင့် စစ်ကောင်စီတပ်ဖွဲ်ဝင် ၁ ဦးသေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ CDF မတူပီက သိရပါတယ်။

ဇန်နဝါရီ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာလည်း မင်းတပ်ကနေ မတူပီကို ထွက်ခွာလာတဲ့ စစ်ကောင်စီ တပ်ရဲ့ သံချပ်ကာ ၂ စီးနဲ့ စစ်ကာင်စီယာဉ်တန်း ၈၃ စီးကို CDF မတူပီက အကြိမ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ CDF မတူပီက သိရပါတယ်။ 

မတူပီ-ဟားခါး လမ်းမကြီးပေါ်မှာလည်း ဇန်နဝါရီ ၅ ရက် နဲ့  ဇန်နဝါရီ ၆ ရက်နေ့ မနက်ပိုင်းကလည်း စစ်ကောင်စီတပ်ဖွဲ့နဲ့ CDFတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပါသေးတယ်။

မတူပီမြို့နယ်မှာ ဇန်နဝါရီ ၆ ရက်နေ့က စတင်တဲ့ စစ်ကောင်စီတပ်နဲ့ CDF တို့ကြား တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်လူဦးရေ ၆၀၀၀ ကျော်ရှိလာပြီလို့ သိရပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီတပ်က အရပ်သားပြည်သူ ၁၀ ဦးကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြု သတ်ဖြတ်ခဲ့ပါသေးတယ်။

တိုက်ပွဲဖြစ်ပွားရာ အနီးနားကျေးရွာတွေဖြစ်တဲ့ ကစဲ၊ ဖနိုင်၊ ငလိုင်၊ တီဘော၊ လုံလှော်၊ ကီလှုန်း၊ ဘွေထီယား ကျေးရွာတွေက ပြည်သူတွေဟာ တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013