DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင်း မူးယစ်ဆေးဈေးနှုန်း ကျဆင်းလာသဖြင့် သုံးစွဲသူများလာ
DVB
·
January 14, 2022
မြန်မာပြည်တွင်း မူးယစ်ဆေးဈေးနှုန်း ကျဆင်းလာသဖြင့်  သုံးစွဲသူများလာ
1 / 3
Donate to DVB

မြန်မာပြည်တွင်း၊ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်နဲ့ ထီးချိုင့်မြို့နယ်တွေမှာ မူးယစ်ဆေးဝါးဈေးနှုန်းတွေကျဆင်းလာပြီး သုံးစွဲသူတွေ များပြားလာတယ်လို့ မြို့ ဒေသခံတွေဆီက သိရပါတယ်။

အရင်က နယ်ဘက်ကျေးရွာတွေမှာသာ မူးယစ်ဆေးဝါးသုံးစွဲ သုံးစွဲခဲ့ကြပေမဲ့ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဘိန်းဖြူဈေးနှုန်းတွေနဲ့ WY ဈေးနှုန်းတွေ ကျဆင်းလာတာကြောင့် မြို့တွင်းတွေမှာပါ သုံးစွဲလာကြတယ်လို့ သိရပါတယ်။

အရင်က ဘိန်းဖြူဈေးနှုန်းဟာ ပင်နယ်ဆလင် တဘူးကို ငွေကျပ် ၃၀၀၀၀ ဈေးရှိပေမယ့် အခုအချိန်မှာတော့ ငွေကျပ် ၅၀၀၀ လောက်ပဲ ရှိတယ်လို့ ဒေသခံ တွေကပြောပါတယ်။

ကလေးမြို့ဒေသခံတစ်ဦးက“အရင်ကတော့နယ်ဘက်တွေမှာပဲ မူးယစ်ဆေးကိုသုံးကြတယ်။ အခုအချိန်မှာ ဘိန်းဖြူက ဝယ်ရတာလည်းလွယ်ကူလာတယ်။ ဈေးကလည်း အရင်ကထက်အများကြီးကွာသွားတော့ စမ်းသုံးကြည့်ရာက စွဲသွားတဲ့ လူတွေလည်း အနီးနားမှာကြားနေရတယ်။ လူငယ်ပိုင်းတွေက များတယ်။ လူကြီးပိုင်းကတော့နည်းတယ် မြို့မဈေး လမ်းဆုံနေရာတွေမှာပါ ညဘက်မူးယစ်ဆေးသုံးတဲ့သူတွေ ရှိလာတယ်”လို့ ပြောပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲသူတွေအထဲမှာ အသက် ၂၀ နဲ့ ၃၀ ဝန်းကျင်တွေက များပြီး လူကြီးပိုင်းနည်းပါးတယ်လို့ သိရပါတယ်။  

ထီးချိုင့် PDFကလည်း ဇန်နဝါရီ ၁၃ ရက်နေ့ကလည်း ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကမ်းနီအုပ်စုညောင်ပင်စုရပ်မှာနေသူ တစ်ယောက်ဆီက wy တံဆိပ်ပါ စိတ်ကြွဆေးတွေနဲ့ အတူ ဖမ်းဆီးခဲ့တယ်လို့ HPDFက သိရပါတယ်။ ဖမ်းဆီးရမိတဲ့ ဆေးပြားတွေကို ကမ်းနီ ပကဖ အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့လည်း သိရပါတယ်။

ကသာမြို့နယ် အင်းရွာအုပ်စု သပြေသာကျေးရွာမှာလည်း မူးယစ်ဆေးရောင်းဝယ်သူတစ်ဦးကို ဇန်နဝါရီ ၁၂ ရက်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကသိရပါတယ်။  ရပ်ရွာလူကြီးရဲ့ အာမခံချက်နဲ့ ရောင်းဝယ်သူကို ကြိမ်ဒဏ် ၈ ချက်ပေးပြီး နောင်အခါမရောင်းချဖို့ သတိပေးပြီး ပြန်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။

ထီးချိုင့်မြို့နယ် ချိတ်သင် ကျေးရွာအုပ်စု ရွာသစ်ကုန်းနဲ့ ကိုးတဲကျေးရွာတို့မှာလည်း ဒီဇင်ဘာ ၂ ရက်နေ့ နေ့လယ်လောက်က  မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါးတွေ ဈေးနှုန်းကျဆင်းလာပြီး နောက်ပိုင်းမှာ မြို့ပေါ်မှာ ဆိုင်ကယ်ပျောက်ဆုံးမှုတွေ ဖောက်ထွင်းမှုတွေ များပြားလာပြီး နယ်ဘက်တွေမှာတော့ ဘုရားကျောင်းတွေထဲက ပစ္စည်းတွေပါ ခိုးယူခံရမှုတွေရှိလာပြီး ကျွန်းစိုက်ခင်းတွေက ကျွန်းပင်တွေ ခိုးရောင်းစားခံရတာတွေ ပိုမိုများပြားလာတယ်လို့သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013