DVB Logo
Home
မြန်မာသတင်း
ရွှေနှင့် အမေရိကန်ဒေါ်လာစျေး ပြန်ကျရိပ်ပြ
DVB
·
January 14, 2022
ရွှေနှင့် အမေရိကန်ဒေါ်လာစျေး ပြန်ကျရိပ်ပြ
Donate to DVB

ပြည်တွင်းဈေးကွက်မှာ ဇန်န၀ါရီလ ဒုတိယပတ်ကစတင်ပြီး စျေးလှုပ်ခတ်ခဲ့တဲ့ မြန်မာရွှေစျေးနဲ့ အမေရိကန် ဒေါ်လာငွေလဲလှယ်နှုန်းတွေဟာ အခုအခါ ပြန်လည်ကျရိပ်ပြလာပါတယ်။
ကမ္ဘာ့ရွှေစျေး ၊ ဒေါ်လာငွေလဲနှုန်းတို့နဲ့အတူ မြန်မာရွှေစျေးက အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၁၈ သိန်း ၉ သောင်း၀န်းကျင် အထိမြင့်တက်ခဲ့ပြီး၊ ကျပ်ငွေနဲ့ ဒေါ်လာ ငွေလဲနှုန်းက ပြင်ပစျေးကွက်မှာ တစ်ဒေါ်လာကို ၂၀၂၅ကျပ် အထိမြင့်တက်ခဲ့တာပါ။
ကမ္ဘာ့ရေနံစိမ်းစျေး မြင့်တက်လာပြီး ပြည်တွင်းမှာလိုအပ်တဲ့ စက်သုံးဆီကို ၀ယ်ယူတင်သွင်းရာမှာ ဒေါ်လာလိုအပ်ချက်လည်း ပိုများလာတာကြောင့် ပြည်တွင်းမှာ ဒေါ်လာငွေလဲနှုန်းနဲ့အတူ စက်သုံးဆီစျေး၊ ရွှေစျေးပါလိုက်ပါ မြင့်တက်လာတာဖြစ်တယ်လို့ စျေးကွက်ကျွမ်းကျင် သူတွေက ဆိုကြပါတယ်။
ကမ္ဘာ့ရွှေစျေးဟာလည်း ဇန်န၀ါရီ ၁၁ ရက်မှာ တစ်အောင်စကို ကျပ် ၁၈၀၀ အထက်ကို စတင်ရောက်ရှိလာပြီး၊ ဒီနေ့ဇန်န၀ါရီ ၁၄ ၇က်နေ့မှာတော့ တစ်အောင်စကို ၁၈၂၈ ဒေါ်လာအထိ ထပ်မံမြင့်တက်နေပါတယ်။
ပြည်တွင်းရွှေစျေးက ဇန်န၀ါရီ ဒုတိယပတ်မှာ အတက်အကျများခဲ့ပြီး ဒီနေ့ ဇန်န၀ါရီ ၁၄ ရက် မွန်းလွဲပိုင်းမှာ ရွှေစျေးက ၁၈ သိန်း၅ သောင်း ၄ ထောင်ကျပ်ပါ။ ကျပ်ငွေနဲ့ ဒေါ်လာငွေလဲနှုန်းကတော့ ၁၉၄၀ နဲ့ ၁၉၇၀ ကြားမှာရှိပြီး ကျပ် ၂၀၀၀ အောက် ပြန်လည်ကျဆင်းလာပါတယ်။
ဇန်န၀ါရီ ၁၃ ရက် မနေ့က စစ်ကောင်ဗဟိုဘဏ်ဟာ ပျဥ်းမျှငွေလဲနှုန်း ၁၇၇၈ ကျပ်နဲ့ အမေရိကန်ဒေါ်လာ ၁၀ သန်းကို နိုင်ငံခြားငွေ စျေးပြိုင်လေလံ ရောင်းချခဲ့ပြီး အခုဇန်န၀ါရီလအတွင်း ဗဟိုဘဏ်က ကန်ဒေါ်လာ သန်း၄၀ အထိထုတ် ရောင်းချထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013