DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးအကျဉ်းသားဟောင်း စာရင်းကောက်ယူမှု စတင်
DVB
·
February 2, 2014
နိုင်ငံရေးအကျဉ်းသားဟောင်း စာရင်းကောက်ယူမှု စတင်
Donate to DVB

နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ စာရင်းကောက်ယူရေး လှုပ်ရှားမှုတွေ စတင်နေပါတယ်။

ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ဧရာဝတီတိုင်း ဟင်္သာတမြို့ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းမှာ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့နဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများကူညီ စောင့်ရှောက်ရေး အသင်းတို့ က သွားရောက် ကောက်ခံနေတာပါ။

political prisonerဟင်္သာတခရိုင် အတွင်းက စာရင်းတွေကို ကောက်ယူခဲ့ကြရာမှာ နိုင်ငံရေး အကျဉ်းသား ဟောင်းတွေရဲ့ ကိုယ်ရေး မှတ်တမ်းအကျဉ်း၊ မိသားစု အခြေအနေ၊ ညှဉ်းပန်းနှိပ်စက် ခံခဲ့ရပုံတွေ၊ တရားစီရင်ခဲ့ပုံ၊ ထောင်မှလွတ်ပြီး အခြေအနေ၊ ကျန်းမာရေးနဲ့ ပြန်လည်ထူထောင်ရေး စတဲ့ အချက် ၇ ချက် တို့ကို ကောက်ယူခဲ့ကြပါတယ်။

ဟင်္သာတ ခရိုင်အတွင်း နိုင်ငံရေး အကျဉ်းသားဟောင်း ၅ဝ ကျော် ရှိပါတယ်။ ဒါပေမယ့် လက်ရှိ ဟင်္သာတ အကျဉ်းထောင်မှာတော့ နိုင်ငံရေး အကျဉ်းသားများ မရှိဘူးလို့ လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများ အဖွဲ့ တာဝန်ရှိသူ တဦးက ပြောပါတယ်။

အခုလို နိုင်ငံရေး အကျဉ်းသားဟောင်းတွေကို ကူညီပံ့ပိုးနိုင်ဖို့နဲ့ မှတ်တမ်းပြုစုဖို့အတွက် ဆက်လက် လုပ်ဆောင်သွားမယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ပြောခွင့်ရသူ ဦးတင်မောင်ဦးက ပြောပြသွားခဲ့ပါတယ်။

အခုလို နိုင်ကျဉ်းဟောင်း စာရင်းကောက်နေချိန် လက်ရှိ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား ၅၀ လောက် ကျန်ရှိနေဆဲ ဖြစ်တယ်လို့လည်း အေအေပီပီ ပြောခွင့်ရသူ ဦးဘိုကြည်က ပြောဆိုသွားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013