DVB Logo
Home
မြန်မာသတင်း
ရုရှားနိုင်ငံမှ Spuntnik Light ကိုဗစ်ကာကွယ်ဆေး ၆ သိန်း စစ်ကောင်စီ ဝယ်ယူ
DVB
·
January 14, 2022
ရုရှားနိုင်ငံမှ Spuntnik Light ကိုဗစ်ကာကွယ်ဆေး ၆ သိန်း စစ်ကောင်စီ ဝယ်ယူ
Donate to DVB

ရုရှားနိုင်ငံကနေ Spuntnik Light ကိုဗစ်-၁၉ ကာကွယ်ဆေး ၆ သိန်းဝယ်ယူထားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ရုရှားနိုင်ငံကနေ အဆိုပါ Spuntnik Light ကိုဗစ်-၁၉ ကာကွယ်ဆေး ၄ သိန်း လှူဒါန်းတဲ့အတွက် စုစုပေါင်း ကာကွယ်ဆေး ၁ သန်းဟာ ဇန်နဝါရီ ၁၃ ရက်နဲ့ ၁၆ ရက် တွေမှာ မြန်မာကို ရောက်ရှိလာမယ်လို့ ဆိုပါတယ်။

မနေ့က ကာကွယ်ဆေး ၄ သိန်း လှူဒါန်းတဲ့ အခမ်းအနားကိုတော့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက တက်ရောက်ခဲ့ပြီး ရုရှားသံအမတ်ကြီး  H.E Dr. Nikolay Listopadov လည်း တက်ရောက်ခဲ့ကာ နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ်နဲ့ ကိုဗစ်-၁၉တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေမှာ အထောက်အ ကူဖြစ်စေဖို့ လှူဒါန်းရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ ရုရှားနိုင်ငံထုတ် Spuntnik Light ကာကွယ်ဆေးတွေဟာ လူတယောက်ကို တစ်ကြိမ်သာ ထိုးနှံပေးဖို့ လို အပ်ပြီး မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု ပိုမို လျင်မြန်စွာ လွှမ်းခြုံ နိုင်ရေးအတွက် များစွာအထောက်အကူပြုမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လတ်တလော မြန်မာပြည်သူတွေကြားမှာတော့ စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေး သွားရောက်ထိုးနှံသူအရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ ၂၀၂၁ နှစ်ကုန်မှာ မြန်မာနိုင်ငံ လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်း ကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်မယ်လို့ ပြောထားတာပါ။

လတ်တလောအချိန်ထိ တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဦးတည်အုပ်စုတွေအလိုက် ထိုးနှံပေးနေပြီး ဇန်နဝါရီ ၁၁ ရက်နေ့အထိ ကာကွယ်ဆေး ၁ ကြိမ်ထိုးနှံပြီးသူ ၄ ဒသမ ၁၆ သန်းကျော်၊ ၂ ကြိမ်အပြည့်ထိုးနှံပြီးသူ  ၁၆ ဒသမ ၉၉ သန်း ကျော်နဲ့ စုစုပေါင်း ၂၁ ဒသမ ၁၅ သန်းရှိခဲ့ပြီလို့ ဖော်ပြထားပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲ စမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013