DVB Logo
Home
မြန်မာသတင်း
စစ်တပ်ကသတ်ဖြတ်ခဲ့သည့် ဒီပဲယင်းဒေသခံ ၂ ဦးအပါအဝင် ကျဆုံးပြည်သူ ၁၄၆၆ ဦးထိရှိလာ
DVB
·
January 14, 2022
စစ်တပ်ကသတ်ဖြတ်ခဲ့သည့် ဒီပဲယင်းဒေသခံ ၂ ဦးအပါအဝင် ကျဆုံးပြည်သူ ၁၄၆၆ ဦးထိရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁၁ လကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ် ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူပေါင်း ၁၄၆၆ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်း ခံရသူပေါင်း ၁၁၅၄၀ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၈၅၈၉ ယောက် လက်ရှိချုပ်နှောင်ခံထားရ ဆဲဖြစ်ပြီး အဲဒီထဲက ၆၀၃ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၄၁ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၆၆ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်းအယောက် ၈၀ ရှိပါတယ်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ ရွှေဒါးကန်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး ဒေသခံရွာသား ၂ ယောက် ဖြစ်ကြတဲ့ ကိုကျော်သူနဲ့ ဦးဝင်းမြင့်တို့ကို ဖမ်းဆီးကြိုးတုပ်ပြီးနောက် လည်လှီးသတ်ဖြတ် ခဲ့ကြောင်း သိရှိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၁ ရက်မနက်ပိုင်းက MPA သတင်းဌာနမှ သတင်းထောက် မမှူးရ တနာခက်မို့မို့ထွန်းကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အမှတ်(၂) စစ်ဆေးရုံကနေ ရွှေပြည်သာ စစ်ကြောရေးကို ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းမှာ ဆန္ဒ ထုတ်ဖော်နေသူတွေကို အကြမ်းဖက်စစ်အုပ်စုက အနောက်က ကားနဲ့တိုက်ဖြိုခွင်းခဲ့ချိန်မှာ ဆန္ဒထုတ်ဖော်ပွဲသတင်းယူနေတဲ့ မမှူးရတနာခက်မို့မို့ထွန်းမှာ ဦးခေါင်းမှာ ဒဏ်ရာအပြင်း အထန်ရရှိခဲ့တဲ့အပြင် မျက်နှာတစ်ခြမ်းနဲ့ ခြေထောက်တစ်ချောင်းလုံးနီးပါး ကျိုးကြေသွားခဲ့ ကြောင်း သိရှိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကိုသိရှိပါက အအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီ လည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013