DVB Logo
Home
မြန်မာသတင်း
မန္တလေးတိုင်း ၀န်ကြီးချုပ် ယာဉ်တန်း မိုင်းခွဲ တိုက်ခိုက်ခံရ
DVB
·
February 1, 2014
မန္တလေးတိုင်း ၀န်ကြီးချုပ် ယာဉ်တန်း မိုင်းခွဲ တိုက်ခိုက်ခံရ
Donate to DVB

မန္တလေးတိုင်းဝန်ကြီးချုပ် ယာဉ်တန်းဟာ နောင်ချို မိုင်တိုင် ၃၀ လောက်မှာ မိုင်းခွဲ တိုက်ခိုက် ခံခဲ့ရပါတယ်။

[caption id="attachment_51121" align="alignleft" width="450"]မိုင်းခွဲ တိုက်ခိုက်မှုကြောင့် ကိုမဲကြီးလက် ထိခိုက်ဒဏ်ရာရရှိ မိုင်းခွဲ တိုက်ခိုက်မှုကြောင့် ကိုမဲကြီးလက် ထိခိုက်ဒဏ်ရာရရှိ[/caption]

ဇန်န၀ါရီလ ၃၁ ရက် ညနေပိုင်းလောက်က မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့် လိုက်ပါလာတဲ့ ယာဉ်တန်းကို မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အစပ် နောင်ချိုမြို့နယ်ထဲမှာ မိုင်းခွဲ တိုက်ခိုက် ခံခဲ့ရတာပါ။

ဒီတိုက်ခိုက်မှုကြောင့် လူသုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး တဦးက အခုချိန်ထိ မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးမှာ ကုသမှုခံယူနေရပြီးတော့ ကျန်နှစ်ဦးကတော့ ဒဏ်ရာ မပြင်းထန်တဲ့ အတွက် ဆေးရုံက ဆင်းသွားပြီလို့ သိရပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ခရီးစဉ်ကို လိုက်ပါသတင်းယူတဲ့ သတင်းထောက် ၂ ဦး ပါဝင်ပါတယ်။

ထိခိုက်ဒဏ်ရာ ရရှိခဲ့သူတွေကတော့ ဦးဇင်မင်းစိုးနဲ့ ဦးရဲထွန်းအောင်နဲ့ ဆေးရုံမှာ ကုသမှု ခံယူနေရဆဲဖြစ်တဲ့ မန္တလေးနေ့စဉ် သတင်းထောက် ကိုအောင်မင်းဦး (ခ) ကိုမဲကြီး ဖြစ်ပါတယ်။

မန္တလေးနေ့စဉ် သတင်းထောက် ကိုအောင်မင်းဦး (ခ) ကိုမဲကြီး က"မိုင် ၃၀ နား အရောက်မှာ ဗုံးခွဲတာလား ဘာလား မသိဘူး ၀ုန်းဆိုပြီးဖြစ်သွားတာ ကျနော်လည်း အုန်းကနဲဆိုတဲ့ အသံပဲ ကြားလိုက်ရတယ် ကြားလိုက်ရပြီး ခဏလေးပဲ မကြာဘူး ကျနော့်လက်ကို မှန်စလိုဟာမျိုး လာမှန်တာ"လို့ ပြောပါတယ်။

ဝန်ကြီးချုပ် ဦးရဲမြင့်နဲ့ စည်ပင်ဝန်ကြီး ဦးအောင်မောင်းတို့ ပါဝင်တဲ့ ယာဉ် ၈ စီး လောက်ဟာ မိုးကုတ်မြို့ကနေ ပြန်လည် ထွက်ခွာလာခဲ့တာဖြစ်ပြီး ရှေ့တန်းယာဉ် ဟိုင်းလပ် Vigo ယာဉ် ညာဘက်အခြမ်းက ပေါက်ကွဲတာ ဖြစ်ပြီး လက်ဆွဲဗုံးလို့ တိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ တရားခံကိုတော့ မသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013