DVB Logo
Home
မြန်မာသတင်း
ဓာတုစက်ရုံကိစ္စ ရေးသားဖော်ပြမှုကြောင့် နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေနဲ့ အမှုဖွင့်
DVB
·
February 1, 2014
ဓာတုစက်ရုံကိစ္စ ရေးသားဖော်ပြမှုကြောင့် နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေနဲ့ အမှုဖွင့်
Donate to DVB

မကွေးတိုင်း ပေါက်မြို့နယ်မှာရှိတဲ့ ဓာတုစက်ရုံကိစ္စ ရေးသားဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင့်ဆန်းနဲ့ သတင်းထောက်တွေကို သက်ဆိုင်ရာက ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

Unityဦးတင့်ဆန်းကို ရန်ကုန်မြို့က ဂျာနယ်တိုက်မှာ ဖေဖော်ဝါရီလ ၁ ရက် မနက်ပိုင်းက လာရောက် ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး နယ်မြေခံ သတင်းထောက်ကိုတော့ မနေ့ကတည်းက ဖမ်းဆီးခေါ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဦးတင့်ဆန်းကို ရဲအုပ်ညီညီသန်း ဆိုသူပါ ၃ ဦးက ဂျာနယ်တိုက်မှာ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားတာဖြစ်ပြီး ဖမ်းဝရမ်းလည်း မပါ။ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ လည်း ပါမလာဘူးလို့ ဂျာနယ်တိုက်ရုံးအဖွဲ့က ပြောပါတယ်။

ဦးတင့်ဆန်းကို မဖမ်းမီ ပေါက်မြို့နယ် နယ်မြေခံသတင်းထောက် ကိုလူမော်နိုင်ကို အရင်ဖမ်းဆီး ခဲ့တာဖြစ်ကြောင်း ဦးတင့်ဆန်းကိုယ်တိုင် ဇန်န၀ါရီ ၃၁ ရက်ညပိုင်းက ဒီဗွီဘီကို ဖုန်းထဲက ပြောပြတာက “ကိုလူမော်နိုင်ကိုတော့ ပေါက်မြို့နယ် စခန်းမှူးကြီးက ခေါ်သွားပြီခင်ဗျ။ ပြီးခဲ့တဲ့ ၂၅ ရက်နေ့က ပေါက်မြို့က နျူကလီးယား စက်ရုံနဲ့ ပတ်သက်ပြီးတော့ သူတို့က တနိုင်ငံလုံးမှာရှိတဲ့ ဖြန့်ထားတဲ့ ဂျာနယ်တွေကိုလည်း သိမ်းတယ်။ ဖြန့်တာက တပတ်ကျော်သွားပြီ အခု ကျနော်တို့ ရုံးကိုလာပြီး ဂျာနယ်တွေ သိမ်းတယ်လို့လည်း ပြောတယ်။ သတင်းထောက် ၃ ယောက်ကိုလည်း သူတို့ ခေါ်မယ်ပေါ့။ အကြီးတန်းသတင်းထောက်ဖြစ်တဲ့ ပိုင်သက်ကျော်ရယ် ရာဇာဦးရယ် အငယ်တန်းသတင်းထောက် စည်သူစိုးရယ် ၃ ယောက်ကို လာဖမ်းတယ်။ အဓိက ပေါက်မှာရှိတဲ့ ဓာတုစက်ရုံအကြောင်းရေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လုပ်တာဗျ။ ပေါက်မှာ ရှိတဲ့ ဧကပေါင်း ၃၃၃၈၇ ဧကမှာ ဆောက်ထားတဲ့ ဓာတုစက်ရုံအကြောင်းရေးတာနဲ့ ပတ်သက်ပြီး ခေါ်မေးတာ”လို့ ပြောပါတယ်။

ပေါက်မြို့နယ်ဒေသခံ သတင်းထောက် ကိုလူမော်နိုင်ကိုတော့ ဒီနေ့မှာ ပေါက်မြို့နယ်တရားရုံးက နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေနဲ့ အမှုဖွင့်လိုက်ပြီလို့ ဇနီးသည် မလွင်လွင်က ပြောပါတယ်။

“မနက် ၁၀ နာရီလောက်ရောက်တော့ သူက ပြောတယ်။ တရားသူကြီး ဒေါ်စန်းသီတာအောင်က သူ့ကို ပုဒ်မ လာတပ်တယ်၊ ရမန်ကြီး တပတ်ယူတယ်။ သူ့ကို ပုဒ်မ ၃၁ (က)/၉ နိုင်ငံတော် လျှို့ဝှက် အက်ဥပဒေလို့ ပြောပါတယ်။ ”

ကိုလူမော်နိုင်ကို ပေါက်မြို့နယ် ရဲစခန်းကနေ ခေါ်ဆောင်သွားပြီဖြစ်ပြီး ဘယ်ကို ပို့လိုက်တယ်ဆို တာတော့ စုံစမ်းနေတုန်းလို့လည်း ပြောပါတယ်။

ဒီလို စာနယ်ဇင်းသမားတွေကို အလွယ်တကူ ဖမ်းဆီခေါ်ယူ စစ်ဆေး အမှုဖွင့် လုပ်နေတာတွေ ကြည့်ခြင်းအားဖြင့် အခုပေးထားတဲ့ မီဒီယာလွတ်လပ်ခွင့် အာမခံချက် မရှိသေးဘူးဆိုတာ ပြနေတာပဲလို့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် ကိုဇော်သက်ထွေးက ပြောပါတယ်။

“ကျနော်တို့ မီဒီယာ ဥပဒေကို လွှတ်တော်မှာ အတည်ပြုဖို့အတွက် အချိန်နည်းနည်းပဲ လိုတယ်။ ကျနော်တို့ အမြဲတမ်း ပြောတယ် မီဒီယာ ဥပဒေ မရှိသေးခင်မှာ ပေးတဲ့ Freedom of Press က အန္တရာယ်ရှိတယ်။ အချိန်မရွေး သားရေကွင်းလိုပဲ ကျုံ့နိုင်တယ်။ ချဲ့နိုင်တယ်။ အဲဒါကြောင့် အားလုံး သတိထားပြီးတော့ လုပ်ကြရမယ်လို့ ပြောခဲ့တာ။ အခုတော့ အဲဒီအကွက်ထဲကို ၀င်သွားတာပေါ့။ အဲဒီတော့ အခုပေးတဲ့ Freedom of Press က အာမခံချက်မရှိဘူးဆိုတာ နံပတ် ၁ ပြသနေတာဖြစ်တယ်။ နံပတ် ၂ က လက်ရှိတည်ဆဲဥပဒေနဲ့ အချိန်မရွေး သတင်းသမားတွေကို အန္တရာယ်ပေးနိုင်တော့မယ်ဆိုတာ ရှင်းလင်းတယ်။ နံပတ် ၃ က ဒီလိုမျိုး ဖမ်းခေါ်သွားတာဟာ မီဒီယာလောကအတွက် နှစ်မြို့ဖွယ်ရာ ကိစ္စ မဟုတ်ဘူး။ တကယ်လို့ ဥပဒေကြောင်းအရ ငြိစွန်းတယ်ဆိုရင် လုပ်ထုံး လုပ်နည်းအတိုင်းပဲ တရားရုံးကနေ အမှုဖွင့် တရားရုံးက ဆင့်ခေါ်ပြီးမှပဲ တရားရုံးမှာ သူက ထုချေပိုင်ခွင့်ရှိရမယ်။ ဒီဥပဒေနဲ့ ပတ်သက်ပြီးတော့မှ ကျူးလွန်တယ် မကျူးလွန်ဘူးကို သက်ဆိုင်ရာ တရားသူကြီးအဖွဲ့က စစ်ဆေးပြီးမှ ပြစ်ဒဏ်ပေး လို့ ရတာမျိုးပဲ ဖြစ်တယ်။ အခုလို ဘယ်ကို ခေါ်သွားမှန်းမသိ၊ တိကျတဲ့ သတင်းထုတ်ပြန်မှုလည်း မရှိပဲနဲ့ မိသားစုကို ဘာသတင်းမှ မပေးပဲ လုပ်နေတာဟာ မီဒီယာလောကကိုရော သတင်းသမားတွေကိုရော သွယ်ဝိုက်တဲ့နည်းနဲ့ ခြိမ်းခြောက်မှုကို ဆက်လက်ပြနေဆဲဆိုတာ ထင်ရှားတယ်။”

စာနယ်ဇင်းကောင်စီ အနေနဲ့ရော သတင်းမီဒီယာ လောကသားတွေအနေနဲ့ပါ အခုလိုမျိုး လုပ်ဆောင်နေတာတွေကို ကန့်ကွက်တဲ့ သတင်းထုတ်ပြန်ချက်တွေ ထုတ်ပြန်သွားဖို့ရှိတယ်။ နည်းအမျိုးမျိုး ကန့်ကွက်ရှုတ်ချသွားဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

ဇန်နဝါရီလ ၂၅ ရက်နေ့က ထွက်ရှိခဲ့တဲ့ Unity ဂျာနယ် အတွဲ ၃ အမှတ် ၄ မှာ ဗိုလ်ချုပ်မှူးကြီးဟောင်း တရုတ်ပညာရှင်နှင့် လက်ရှိကာချုပ်တို့ရဲ့ လျှို့ဝှက်ဓာတုစက်ရုံ ဆိုတဲ့ သတင်းဆောင်းပါးရေးသား ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013