Home
မြန်မာသတင်း
ရေးမြို့ ၌ မိုင်တဲလ်တာဝါတိုင် မိုင်းခွဲဖျက်ဆီးခံရ
DVB
·
January 13, 2022
271779383_230514192576686_4252243492319669742_n

မွန်ပြည်နယ်  ရေးမြို့နယ် မြောက်ပိုင်း ဒုံဖီ စံပြကျေးရွာရှိ မိုင်တဲတာဝါတိုင်ကို ဇန်နဝါရီ ၁၂ ရက်နေ့  ညနေ ၅ နာရီ ၂၀ မိနစ်လောက် မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ရေး PDF မြောက်ပိုင်းအဖွဲ့က ပြောပါတယ်။

“တာဝါတိုင်ကို ရေး PDF က မိုင်းခွဲဖျက်ဆီးခဲ့တယ်။ စစ်ကောင်စီရဲ့ ၀င်ငွေတွေ မရရှိအောင် ဖြတ်တောက်တဲ့အနေနဲ့ စစ်ကောင်စီရဲ့ ထောက်တိုင်မှန်သမျှအားလုံးကို အခုလို ဖျက်ဆီးခဲ့တာဖြစ်ပြီး ရေးမှာ မိုင်တဲလ်တာဝါတိုင်ပေါင်း ဒီနေ့အထိ ၅ တိုင်လောက် ဖျက်ဆီးထားတယ်” လို့ ရေး PDF တာဝန်ရှိသူက ပြောပါတယ်။

ဒီဇင်ဘာလအထိ စာရင်းတွေအရ မြန်မာနိုင်ငံအနှံ့ မိုင်တဲလ်ကုမ္ပဏီရဲ့ ဆက်သွယ်ရေးတာဝါ တိုင်ပေါင်း ၃၆၀ ကျော် ဖျက်ဆီးခံခဲ့ထားရပြီး တာဝါတိုင်တစ်စုံလုံးရဲ့ တန်ဖိုးဟာ ကျပ်သိန်း ၂၀၀၀ ဝန်းကျင်ရှိပြီး စုစုပေါင်း ကျပ်ငွေ ၇၂ ဘီလီယံအထိ ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024