DVB Logo
Home
မြန်မာသတင်း
စစ်ဘေးရှောင်များ ခိုလှုံနေသည့် ထိုင်းဘက်ခြမ်းရွာကို စစ်ကောင်စီတပ်က ပစ်ခတ်
DVB
·
January 12, 2022
စစ်ဘေးရှောင်များ ခိုလှုံနေသည့် ထိုင်းဘက်ခြမ်းရွာကို စစ်ကောင်စီတပ်က ပစ်ခတ်
Donate to DVB

ထိုင်းနိုင်ငံဘက်ခြမ်းက မြန်မာစစ်ရှောင်တွေ ခိုလှုံနေတဲ့ ဖုတ်ဖရမြို့နယ် မဟာဝမ်းတိုက်နယ် မဲ့ကိုကင်းရွာဘက်ကို  ဒီကနေ့ ဇန်နဝါရီလ ၁၂ ရက် ညနေ ၅ နာရီ မိနစ် ၂၀ လောက်မှာ မြန်မာစစ်တပ်ဘက်က အဆက်မပြတ် ပစ်ခတ်ခဲ့တာကြောင့် ဒုက္ခသည်တွေ မြေပြင်မှာဝပ်ပြီး နေခဲ့ရတယ်လို့ သွားရောက်ကူညီပေးနေသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီစခန်းမှာ မြန်မာစစ်ရှောင် ၃၀၀၀ လောက် လာရောက်ခိုလှုံနေတာ ဖြစ်ပြီး ထိုင်းစစ်တပ်က လုံခြုံရေးယူထားပေးတယ်လို့ သိရပါတယ်။ 

လုံခြုံရေးယူထားတဲ့ ထိုင်းစစ်သားတွေနေရာအထိ လက်နက်နဲ့ ပစ်ခတ်မှုတွေရှိတာကြောင့် စစ်ရှောင်တွေကို လာရောက်ကူညီသူတွေနဲ့ ထိုင်းနိုင်ငံသားစုစုပေါင်း ၈ ယောက်လောက်ကို စခန်းကနေ အလျင်အမြန် ခေါ်ထုတ်သွားခဲ့ရပါတယ်။ စစ်ရှောင်တွေကတော့ စခန်းမှာရှိတဲ့ ဝပ်ကျင်းတွေမှာပဲ ဝပ်ပြီး ကျန်နေခဲ့ရတယ်လို့ ဆိုပါတယ်။ 

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်နဲ့ ဖလူးကြီးကျေးရွာဘက်ကနေ ထိုင်းဘက်ခြမ်း မဲ့ကိုကင်းရွာ နွားခြံဘက်မှာ ကလေးတွေနဲ့ အမျိုးသမီးတွေ သက်ကြီးရွယ်အိုတွေ အများစု စစ်ရှောင်တဲ့ နေရာဖြစ်လို့  မြန်မာစစ်တပ်အနေနဲ့ ဘာကြောင့် အခုလိုမျိုး ပစ်နေခဲ့သလဲဆိုတာ နားမလည်ဘူးလို့ အကူအညီပေးသူတွေက ပြောပါတယ်။ 

“ကျနော်တို့ ရှိနေတုန်းက သူတို့က ပစ်တာ၊ စက်သေနတ်တွေက အဆက်မပြတ် ပစ်တာ။ ထိုင်းစစ်သားတောင် မှန်တော့မလို့ အမြန်ပြေးပြီး ပုန်းရတယ်။ စစ်ရှောင်တွေက ကျန်နေခဲ့တယ်။ ဝပ်ကျင်းတွေမှာ သူတို့ကို ဝပ်ခိုင်းထားခဲ့တာ။ သူတို့က အပြင်လည်း ထွက်ပြေးလို့ မရဘူးလေ” 

အဲဒီစခန်းကို ဖလူးကြီးရွာဘက်ကနေ နေ့စဉ် စစ်ရှောင်လာသူတွေ ရှိနေပြီး မနေ့ညကလည်း မြန်မာစစ်ဘေးရှောင်တွေ ရာနဲ့ချီ ထပ်မံရောက်ရှိလာသေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013