DVB Logo
Home
Lead Story
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို မြန်မာနိုင်ငံ အိမ်ခြံမြေအသင်း ကူညီမည်
DVB
·
February 1, 2014
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများကို မြန်မာနိုင်ငံ အိမ်ခြံမြေအသင်း ကူညီမည်
Donate to DVB

မြန်မာနိုင်ငံထဲကို ရောက်လာတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အနေနဲ့ အိမ်ခြံမြေဆိုင်ရာ လိုအပ်ချက်တွေရှိတယ်ဆိုရင် အကူအညီပေးသွားမယ်လို့ မကြာသေးမီကမှ ရွေးကောက်ပွဲတွေ လုပ်ပြီး အသစ်ပြန်လည် ဖွဲ့စည်းလိုက်တဲ့ အိမ်ခြံမြေ ၀န်ဆောင်မှုအသင်း ဗဟို အလုပ်အမှုဆောင် ကော်မတီ အတွင်းရေးမှူး ဒေါ်မို့မို့အောင်က ဒီဗွီဘီ ကို ပြောပါတယ်။

Yangon_City_Viewသူတို့အဖွဲ့အနေနဲ့ တိုင်းပြည်နယ် ပြည်နယ် ၈ ခုမှာ အသင်းခွဲတွေ ဖွဲ့စည်းထားပြီမို့ အဲဒီ နယ်တွေမှာ ရင်းနှီးမြှုပ်နှံလိုတာတွေ ရှိရင်လည်း အကူအညီ ပေးသွားမယ်လို့ ဆိုပါတယ်။ လက်ရှိ အစိုးရက အခွန်အကောက် ကောက်ခံရာမှာ စံပြုတဲ့ အိမ်ခြံမြေ ဈေးနှုန်းတွေ သတ်မှတ်ရေး ကိစ္စမှာလည်း အစိုးရဘက်ကို အကူအညီ ပေးသွားမယ်လို့ ရှင်းပြပါတယ်။

မြန်မာနိုင်ငံ အိမ်ခြံမြေ၀န်ဆောင်မှုအသင်းဟာ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၇ ရက်နေ့က ရွေးကောက်ပွဲအသစ်တွေ ပြန်လုပ်ခဲ့ရာမှာ ဥက္ကဋ္ဌ ဦးခင်မောင်သန်း၊ ဒုဥက္ကဋ္ဌတွေအဖြစ် ဦးသန်းဦးနဲ့ ဦးသိန်းလှညို၊ အတွင်းရေးမှူး ဒေါ်မို့မို့အောင်တို့ကို ရွေးချယ် တင်မြှောက်ခဲ့ ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013