DVB Logo
Home
မြန်မာသတင်း
မြန်မာ့ရွှေစျေး နှစ်ရက်အတွင်း ကျပ် ၄၀၀၀၀ ကျော် စျေးတက်
DVB
·
January 11, 2022
မြန်မာ့ရွှေစျေး နှစ်ရက်အတွင်း ကျပ် ၄၀၀၀၀ ကျော် စျေးတက်
Donate to DVB

ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရဲ့ သတ်မှတ်စျေးနှုန်းအရ ဇန်နဝါရီ ၁၁ ရက် မွန်းလွဲပိုင်းမှာ အကယ်ဒမီ မီးလင်းရွှေတစ်ကျပ်သားစျေးနှုန်းက ကျပ် ၁၈၇၇၅၀၀ ထိ စျေးမြင့်တက်ခဲ့ပါတယ်။ 

ညနေပိုင်းမှာတော့ ကျပ် ၁၈၆၉၀၀၀ ကို ပြန်လည်ကျဆင်းသွားပြီး တစ်ကျပ်သားကို ကျပ် ၈၅၀၀ စျေးပြန်ကျခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇန်န၀ါရီ ၁၀ ရက် မနက်ပိုင်းက တစ်ကျပ်သားကို  ၁၈၂၈၅၀၀ ခန့်သာ ရှိခဲ့တာကြောင့် မြန်မာ့ရွှေစျေး နှစ်ရက်အတွင်း ကျပ် ၄၀၀၀၀ ကျော် စျေးမြင့်တက်ခဲ့တာပါ။

ကမ္ဘာရွှေစျေး၊ ပြည်တွင်းဒေါ်လာငွေလဲနှုန်းနဲ့ အတူ ပြည်တွင်းရွှေစျေးပါ လိုက်ပါ မြင့်တက်လာတာ ဖြစ်ပါတယ်။

ဒီနေ့မှာ ကမ္ဘာ့ရွှေစျေးက တစ်အောင်စကို ၁၈၀၇ ဒေါ်လာရှိပြီး၊ မနေ့က မနက်ပိုင်း စျေးနှုန်းထက် တစ်အောင်စကို ၁၆ ဒေါ်လာ မြင့်တက်လာပါတယ်။

ပြည်တွင်းဒေါ်လာငွေလဲနှုန်း တန်ဖိုးကလည်း ပြင်ပစျေးကွက်မှာ  မနေ့က တစ်ဒေါ်လာကို ကျပ် ၁၉၂၀ ကနေ ၁၉၅၀ ကြားသာဖြစ်ခဲ့ပေမဲ့ ဒီနေ့မှာ တစ်ဒေါ်လာကို ကျပ် ၁၉၅၀ ကနေ ၁၉၈၀ ကြားထိ စျေးမြင့်တက်လာတယ်လို့ ပြင်ပစျေးကွက်အတွင်းက  စုံစမ်းသိရပါတယ်။

ပြည်တွင်းရွှေစျေးမြင့်တက်နေပေမဲ့ လက်ရှိ ရွှေစျေးကွက်အတွင်းမှာတော့ ရွှေအိုင် နေပြီး စျေးကွက်အေးနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ပြည်တွင်းမီဒီယာတစ်ခုကို ဖြေကြားထားပါတယ်။

အဆိုပါအသင်းအနေနဲ့ ရွှေစျေးနှုန်းတည်ငြိမ်နိုင်ဖို့အတွက် အရောင်းအ၀ယ်ကို ရွှေထိ ငွေထိစနစ်နဲ့သာ လုပ်ဆောင်နေပြီး၊ ထိန်းထိန်းသိမ်းသိမ်း ရောင်းချခြင်းနဲ့ ရွှေစျေးကွက်ကို ထိန်းချုပ်နေတယ်လို့လည်း ဆိုထားပါတယ်။

ပြည်တွင်းရွှေစျေးနှုန်းဟာ ဒေါ်လာစျေးနဲ့  ကမ္ဘာ့ရွှေစျေးအတက်အကျ၊ ၀ယ်လိုအား တို့အပေါ်မှုတည်နေပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလနှောင်းပိုင်းက ဒေါ်လာစျေးနဲ့အတူ ပြည်တွင်း၀ယ်လိုအားမြင့်တက်ခဲ့ပြီး စျေးကွက်အတွင်း ရွှေပြတ်သွားတဲ့အထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ထိန်းမရအောင် ထိုးကျနေတဲ့ မြန်မာ့ကျပ်ငွေ တန်ဖိုးကြောင့် ပြည်တွင်းရွှေဈေးဟာ စက်တင်ဘာလ နှောင်းပိုင်းမှာအခေါက်ရွှေ တစ်ကျပ်သား ကို  ကျပ် ၂၂ သိန်း ကျော်အထိ မြင့်တက်ခဲ့တာပါ။ 

အဲဒီနောက် အောက်တိုဘာလနှောင်းပိုင်းကစတင်ပြီး တစ်ကျပ်သားကို ကျပ် ၁၈ သိန်းအောက် ပြန်ကျဆင်းခဲ့ပြီး  အကြမ်းဖျင်း  တစ်ကျပ်သားကို ကျပ် ၁၇၇၀၀၀၀ နဲ့ ကျပ် ၁၈ သိန်း အကြားမှာပဲ အတက်စျေးနဲ့ လအတန်ကြာ ငြိမ်နေခဲ့တာပါ။

ရန်ကုန်လေဆိပ်ကို ငွေစက္ကူကုန်ကြမ်းတွေ ရောက်လာတယ်ဆိုတဲ့ သတင်းတွေကြောင့်  အတက်စျေးနဲ့ လအတန်ကြာ ငြိမ်နေခဲ့တဲ့ မြန်မာရွှေစျေးဟာ  ဒီဇင်ဘာ ဒုတိယအပတ်မှာ ကျပ် ၁၈ သိန်း အထက်ကို တစ်ကြိမ် ပြန်လည်ရောက်ရှိခဲ့ပါတယ်။

အဲဒီနောက် ရက်အနည်းငယ်အတွင်း စျေးပြန်လည်ကျဆင်းသွားပြီး တစ်ကျပ်သားကို ကျပ် ၁၇၉၀,၀၀၀ ၀န်းကျင်မှာပဲ ရက်အတန်ကြာ ဆက်ရှိနေခဲ့ကာ ဒီဇင်ဘာလ တတိယပတ်မှာတော့  ကျပ် ၁၈ သိန်းအထက်ကို ပြန်လည်ဦးမော့လာခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013