DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကရင်လူငယ်များ ပါဝင်မည်
DVB
·
January 31, 2014
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ကရင်လူငယ်များ ပါဝင်မည်
Donate to DVB

လက်ရှိ အစိုးရနဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေကြား တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းစဉ်တွေမှာ ကရင်လူငယ်တွေအနေနဲ့လည်း ကျရာ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်သွားမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ကျင်းပပြီးစီးသွားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကရင်လူငယ်များ ဆွေးနွေးပွဲမှာ ဆုံးဖြတ်ခဲ့ပါတယ်။

[caption id="attachment_51079" align="alignleft" width="586"]၂၀၁၃ ခုနှစ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကရင်လူငယ်များ ဆွေးနွေးပွဲ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကရင်လူငယ်များ ဆွေးနွေးပွဲ[/caption]ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ အထက်မြန်မာပြည်စတဲ့ ဒေသအသီးသီးက လူငယ်ကိုယ်စားလှယ်ပေါင်း ၄၀၀ နီးပါးဟာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကောင်းမှုရွာမှာ လာရောက်ဆုံဆည်းပြီး အခုလို တညီတညွတ်တည်း ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ ကရင်လက်နက်ကိုင်အဖွဲ့အစည်းနဲ့ ကရင်နိုင်ငံရေးပါတီက ပုဂ္ဂိုလ်တွေဟာ လက်ရှိ နိုင်ငံရေးအခင်းအကျင်း ၊ ကရင်တွေ လက်နက်ကိုင်ဆောင်ရတဲ့ အကြောင်းရင်း၊ ပါတီနဲ့ ဒီမိုကရေစီရေးရာအကြောင်းတွေ လာရောက် ရှင်းလင်းပြောပြပေးခဲ့တဲ့အတွက် လူငယ်တွေ အနေနဲ့ အနာဂတ်မှာ အမျိုးသားရေး တာဝန်ထမ်းဆောင်ဖို့ ပိုပြီး သဘောပေါက်လာကြတယ်လို့ ကရင်လူငယ်ဆွေးနွေးပွဲ ဖြစ်မြောက်ရေးကော်မတီဝင်တဦးဖြစ်သူ စောကျော်လင်းက ပြောပါတယ်။

“ကရင်လူငယ်တွေ ကြားထဲမှာ တယောက်နဲ့ တယောက် ရင်းနှီးမှုနဲ့ စည်းလုံးညီညွှတ်မှုကို ဆောင်ရွက်တဲ့ အတိုင်းအတာ တခုအထိ ဖော်ဆောင်နိုင်ခဲ့တယ်။ နောက်ပြီးတော့ လက်ရှိ နိုင်ငံရေး လမ်းကြောင်းပေါ်မှာ လူငယ်တွေကလည်း ကျရာ အခန်းကဏ္ဍမှာ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာဖြစ်ဖြစ် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့အတူ တရားမျှတတဲ့ ပြည်ထောင်စု တည်ဆောက်ရေး ကဏ္ဍတွေမှာလည်း လူငယ်တွေအနေနဲ့ လိုအပ်တဲ့နေရာမှာ ဖြည့်စွက်ပါဝင် ဆောင်ရွက်မယ်။ အဓိက အဲဒီအချက်တွေကို သဘောတူတဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။”

ဒီတွေ့ဆုံပွဲကနေ လူငယ်ခေါင်းဆောင်မှုနဲ့ ပဋိပက္ခဖြေရှင်းရေး၊ မတ်လမှာ ကျင်းပမယ့် တ နိုင်ငံလုံး သန်းခေါင်းစာရင်း ကောက်ယူရေးကိစ္စမှာ ကရင်မျိုးနွယ်စုတွေ ထည့်ဝင်ရမယ့် ကုတ် နံပါတ်အကြောင်းနဲ့ သန်းခေါင်စာရင်းဆိုင်ရာ သိကောင်းစရာတွေပါ ဆွေးနွေးဖလှယ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဆွေးနွေးပွဲပြီးတဲ့နောက် ကရင်လူငယ်ကွန်ရက်အဖွဲ့ ပိုမိုကျယ်ပြန့် အားကောင်းလာဖို့ ဆက်လက် ချိတ်ဆက်ရေးနဲ့ ကရင်လူငယ်အဖွဲ့ရဲ့ မူဝါဒ၊ ရည်ရွယ်ချက်နဲ့ လိုက်နာကျင့်သုံးရမယ့် အချက်တွေ ပါဝင်တဲ့ လူငယ်လက်စွဲစာအုပ်တအုပ် ထုတ်ဝေဖို့ သဘောတူခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကရင်လူငယ်ဆွေးနွေးပွဲကို ဖြစ်နိုင်ချေရှိတဲ့ ဒေသမှာ ၁ နှစ် ၂ ကြိမ် ကျင်းပဖို့ လည်း အကြမ်းဖျင်း သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကရင်လူငယ်ဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ်ကစလို့ ၁ နှစ် ၁ ကြိမ် ပြုလုပ်ခဲ့တာမှာ ဒါဟာ တတိယအကြိမ်မြောက်ပြီး ဒီနှစ် ဆွေးနွေးပွဲဟာ လူဦးရေအများဆုံးနဲ့ နယ်ပယ်ရော မျိုးနွယ်စုတွေပါ အစုံလင်ဆုံးလို့ ဆွေးနွေးပွဲကော်မတီဝင်တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013