DVB Logo
Home
မြန်မာသတင်း
စစ်တပ်က လေကြောင်းဖြင့် ၁၂ ကြိမ်ထက်မနည်းတိုက်ခိုက်မှုကြောင့် ကယားပြည်သူ ထက်ဝက်ကျော် တိမ်းရှောင်နေရ
DVB
·
January 10, 2022
စစ်တပ်က လေကြောင်းဖြင့် ၁၂ ကြိမ်ထက်မနည်းတိုက်ခိုက်မှုကြောင့် ကယားပြည်သူ ထက်ဝက်ကျော် တိမ်းရှောင်နေရ
Donate to DVB

ကယား (ကရင်နီ) ပြည်နယ်မှာ အာဏာသိမ်းစစ်ကောင်စီက အာဏာသိမ်းပြီးချိန်ကတည်းက လေ ကြောင်းတိုက်ခိုက်မှု ၁၂ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ပြည်နယ်တွင်း လူဦးရေထက်ဝက်ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ကယားပြည်နယ်နေရာအနှံ့ ဒီဇင်ဘာလနောက်ဆုံးပတ်ကစပြီး စစ်ကောင်စီနဲ့ ဒေသခံတော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲတွေ အရှိန်မြင့်တက်လာခဲ့တာဖြစ်ပြီး  လေကြောင်းတိုက်ခိုက်မှု ၁၀ ကြိမ်ကျော်ဟာ အခုလပထမအပတ်အတွင်း တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုအပြင် စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ၊ မီးရှို့ဖျက်ဆီး မှုတွေကြောင့် စစ်မီးတောက်လောင်နေတဲ့ အရေးပေါ်အခြေအနေမှာ တိုက်ပွဲတွေကြား ဒဏ်ရာရပြည်သူတွေကို ကာကွယ်ရေးရဲဘော်တွေ ကယ်ထုတ်နေချိန်၊ စစ်ရှောင်ပြည်သူ တွေ စစ်ရှောင်ထွက်ပြေးနေရချိန်တွေမှာ ရဲဘော်နဲ့ ပြည်သူတွေရဲ့  ဓါတ်ပုံတွေကို လုံခြုံရေး အရ ဝါး(Blur)ပေးကြဖို့၊ ပြည်သူလူထုအနေနဲ့ စစ်ရှောင်ပြည်သူတွေကို စာနာထောက် ထားသောအားဖြင့် မိမိတို့ တတ်စွမ်းနိုင်သမျှ ကူညီထောက်ပံ့ပေးကြဖို့၊ စစ်ရှောင်ပြည်သူတွေရဲ့ သတင်းဖြစ်စဉ်တွေကို အလေးထား အာရုံစိုက်ပေးကြဖို့စတဲ့ အချက်တွေကို တိုး တက်သောကရင်နီပြည်သူ့အင်အားစု (PKPF)၊ ကရင်နီပြည်စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေး ကွန်ရက်၊ Karenni’s Voice၊ Associate of Karenni Policy Support စတဲ့ အဖွဲ့အစည်းတွေက မေတ္တာရပ်ခံထားပါတယ်။

လတ်တလောမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စားနပ်ရိက္ခာ၊ အရေးပေါ် အသုံးအဆောင်ပစ္စည်း၊ ငွေသားအ ပါအဝင် ကျပ်သိန်း ၅၀၀ ကျော် ထောက်ပံ့ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် လိုအပ်ချက်အရ ညှိနှိုင်းဆွေးနွေးပြီး စဉ်ဆက်မပြတ် ဆက်လက်ထောက်ပံ့ပေး နိုင်ရေးအတွက် ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) ၊ Coordination Team for Emergency Relief (CTER) ၊ ကယား(ကရင်နီ) ပြည်နယ် လွှတ်တော်ကိုယ်စားပြု ကော်မ တီအဖွဲ့တွေစတဲ့ သက်ဆိုင်ရာမိတ်ဖတ်အဖွဲ့တွေ၊ နယ်မြေခံ ကူညီပံ့ပိုးသူတွေနဲ့လည်း ချိတ်ဆက် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013