DVB Logo
Home
မြန်မာသတင်း
နွေဦးထီရောင်းရငွေဖြင့် CDMဝန်ထမ်း ၆၃၀၀ ခန့်ကိုချီးမြှင့်ခဲ့ပြီး ၁၆၀,၀၀၀ ကျော် ချိတ်ဆက်ထား
DVB
·
January 8, 2022
နွေဦးထီရောင်းရငွေဖြင့် CDMဝန်ထမ်း ၆၃၀၀ ခန့်ကိုချီးမြှင့်ခဲ့ပြီး ၁၆၀,၀၀၀ ကျော် ချိတ်ဆက်ထား
1 / 3
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ရောင်းချခဲ့တဲ့ “အောင်လံလွှင့်ချီ နွေဦးထီ” ကနေ CDM ဝန်ထမ်း ၆၃၀၀ လောက်ကို ချီးမြှင့်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အောင်လံလွှင့်ချီနွေဦးထီကိုတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၅ ရက်နေ့မှာ စတင်ရောင်း ချခဲ့တာဖြစ်ပြီး ထီရောင်းချရမှုရဲ့ ၇၀ ရာခိုင်နှုန်းကို နိုင်ငံ့၀န်ထမ်း CDM တွေအတွက် သုံးစွဲ သွားမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ပေးအပ်သွားဖို့ ကြေညာထားတာပါ။

လတ်တလောမှာတော့ နွေဦးထီဟာ တော်လှန်သူပြည်သူတွေရဲ့ ဝန်းရံမှုနဲ့ စစ်ကောင်စီရဲ့ အောင်ဘာလေထီကို အလဲထိုးနိုင်ခဲ့သလို CDM ဝန်ထမ်းတွေကိုလည်း ချီးမြှင့်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။

ဒါ့အပြင် နွေဦးထီရဲ့ ကွန်ရက်ကို မြန်မာတစ်နိုင်ငံလုံး လွှမ်းခြုံနိုင်စေဖို့ တာဝန်သိ CDM ဝန် ထမ်းစာရင်းပြုစုတာ၊ စိစစ်တာ၊ ထောက်ပံ့ ID ထုတ်ပေးတာတွေကိုလည်း လုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်ထိ CDM ဝန်ထမ်းပေါင်း ၁ သိန်း ၆ သောင်းကျော်နဲ့ ချိတ်ဆက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ဝန်ထမ်းတွေထဲမှာတော့ ၅၁ ရာခိုင်နှုန်းက ပညာရေးဝန်ကြီးဌာနက ဝန်ထမ်းတွေ ဖြစ်တယ်လို့ သိရပါတယ်။ လတ်တလော ချီးမြှင့်နိုင်တဲ့ ဝန်ထမ်းပေါင်း ၆၃၀၀ ဟာ များပြားတဲ့ ပမာဏတစ်ခုဖြစ်ပေမယ့် နွေဦးထီက ချိတ်ဆက်ထားနိုင်တဲ့ ပမာဏနဲ့ယှဉ်ရင်တော့ ၃.၉ ရာခိုင်နှုန်းသာ ရှိနေသေးတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ ပြည်သူတွေအနေနဲ့လည်း တာဝန်သိ CDM ဝန်ထမ်းတွေကို ချီးမြှင့်ရင်း တော် လှန်ရေးမှာ ပါဝင်နိုင်ကြဖို့ နှိုးဆော်ထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီကတော့ အဆိုပါထီနဲ့ပတ်သက်ပြီး ဖွင့်လှစ်ရောင်းချသူတွေနဲ့ အားပေးအားမြှောက်ပြုလုပ်သူတွေကို တရားစွဲ၊ ဖမ်းဆီးထောင်ချသွားမယ်လို့ ခြိမ်း ခြောက်ကြေညာထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေ သပိတ်မှောက်ပြီး မထိုးဘဲနေတဲ့ အောင်ဘာလေထီကိုလည်း အွန်လိုင်းကနေရောင်းချဖို့ အာဏာသိမ်း စစ်ကောင်စီက စီစဉ်နေပေမယ့် ခုချိန်ထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013