DVB Logo
Home
မြန်မာသတင်း
ကံပေါက် မြေယာနစ်နာကြေး တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြ
DVB
·
January 30, 2014
ကံပေါက် မြေယာနစ်နာကြေး တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြ
Donate to DVB

တနင်္သာရီတိုင်း ထားဝယ်မြို့ ကံပေါက်ကျေးရွာမှာ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သွားတဲ့ မြေနေရာကို နစ်နာကြေးပေးဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြထားတယ်လို့ ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

Dawei PipeLineမုတ္တမပင်လယ်ကွေ့က ထွက်တဲ့ ဓာတ်ငွေ့တွေ ထိုင်းနိုင်ငံကို သွယ်တန်းရောင်းချမယ့် ပီတီတီအီးပီအိုင် စီမံကိန်းမှာ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွားတဲ့ ထားဝယ်မြို့ ကန်ပေါက်ကျေးရွာအပါအ၀င် ရွာ ၆ ရွာမှာ ရှိတဲ့ မြေယာနစ်နာကြေးကို ဒေသတာဝန်ရှိသူတွေက တိုင်ဒေသကြီး အစိုးရအဖွဲ့ကို တင်ပြခဲ့တာပါ။

ဒေသခံတွေ တောင်းဆိုတဲ့ငွေကြေးနဲ့ နှိုင်းယှဉ်ပြီး ဖြစ်သင့်တဲ့ဈေးကို တင်ပြထားတယ်လို့ ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးက အခုလိုပြောပါတယ်။

“တိုင်းဒေသကြီး အစိုးရအဖွဲ့ကို ဒါလေးကို လျော်ကြေးမဟုတ်ပဲနဲ့ နစ်နာကြေးလိုပေါ့။ ပိုက်လိုင်း ၂ လိုင်း ကြားထဲမှာ ကျနော်တို့က လယ်ဧကတွေ ရှိတယ်။ တောင်သူ ၃၄၀ နဲ့ ဧက ၁၃၂ ဧက ပေါ့နော်။ အသီးအနှံက သူတို့ဘာသာသူတို့ ပြန်စိုက်လေ၊ သူတို့ ဘာသာသူတို့ ပြန်ယူ။ ဒီနားလေးက ပိုက်လိုင်း ဖြတ်သွားတဲ့အတွက် နစ်နာကြေးအနေနဲ့ပေါ့၊ လျော်ကြေးအနေနဲ့ ပေးလို့ မရဘူး။ လုပ်ထုံးလုပ်နည်းမှာလည်း လုပ်လို့ မရဘူး။ ကျနော်တို့ မြေကို သိမ်းလိုက်တာလည်း မဟုတ်ဘူး။ သစ်ပင်ကိုလည်း ခုတ်လိုက်တာ မဟုတ်ဘူးလေ။ သို့သော်လည်း ပိုက်လိုင်း ၂ လိုင်းကြားမှာ ရောက်နေတဲ့အတွက် သူတို့အနေနဲ့ နစ်နာတယ်ဆိုပြီးတော့ နစ်နာကြေးအနေနဲ့ ညှိနှိုင်းတာပေါ့နော်။ ညှိနှိုင်းဈေးနှုန်းကိုတော့ တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြီးပြီပေါ့။ တောင်သူတွေရဲ့ တင်ပြတဲ့ဟာရယ် ဖြစ်သင့်တဲ့ ဈေးနှုန်းကို ကျနော်တို့ ကြားထဲကနေ ညှိပြီး တင်ပြတာပေါ့။”

ဒီ မြေယာကိစ္စအပေါ် ပီတီတီအီးပီအိုင်က ၂၀၁၃ စက်တင်ဘာလမှာ အမ်အိုဂျီအီးကို လမ်းညွှန်ချက်ပေးဖို့ ပို့ထားပြီး ဖြစ်ကြောင်း၊ အမ်အိုဂျီအီးကလည်း သက်ဆိုင်ရာ ဒေသခံ အာဏာပိုင်တွေကို နယ်ခံပြည်သူတွေ အကျိုးရှိစေဖို့အတွက် ညှိနှိုင်းဆောင်ရွက်ပေးဖို့ အကြောင်းကြားထားပြီး ဖြစ်ကြောင်း၊ ကုမ္ပဏီအနေနဲ့ ဒီကိစ္စကို တတ်နိုင်သလောက် အမြန်ဆုံး ဖြေရှင်းပေးသွားဖို့ ရှိကြောင်း ပီတီတီအီးပီအိုင်ကုမ္ပဏီရဲ့ တာဝန်ရှိသူက စာနဲ့ အကြောင်းကြား ဖြေဆိုခဲ့ပါတယ်။

ဓာတ်ငွေ့ပိုက်လိုင်ကြောင့် သီးနှံယာမြေတွေ ထိခိုက်နစ်နာမှု ရှိတဲ့အတွက် ဆန္ဒပြခွင့် တောင်းဆိုပြီး မြေယာပိုင်ရှင်တွေက ဆန္ဒထုတ်ဖော်သွားမယ်လို့ ဒေသခံ ဒေါ်မိုးမိုးအေးက ပြောပါတယ်။

“အခုလောလောဆယ်တော့ ခြောက်ရွာစာ ခြံသမားတွေက သူတို့ ဘယ်နှဦး လာမယ် ဆိုတာ စာရင်းကောက်နေတယ်လေ။ စာရင်းကောက်ပြီးတော့ ဆန္ဒပြခွင့်ကို တင်နေတယ်။ သူတို့ ဘက်က ကြလာရင် ညီမတို့ဘက်က ဆန္ဒပြဖို့ ဖြစ်လာမှာပဲ။”

ပီတီတီအီးပီအိုင်ကုမ္ပဏီအနေနဲ့ မြေပိုင်ရှင် အယောက် ၄၀၀ ကျော်ကို ၂၀၁၁ ခုနှစ်က ပိုက်လိုင်းတလျှောက် မြေ ဧက ၂၇၆ ဧကအတွက် ကျပ်ငွေ ၅ ဒဿမ ၄၉ ဘီလီယံ လျော်ကြေး ပေးခဲ့ပြီး အဲဒီဒေသမှာ ရှိတဲ့ပိုက်လိုင်း ၂ လိုင်းကြား မြေယာအတွက် နစ်နာကြေးပေးဖို့ ကျန်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013