DVB Logo
Home
မြန်မာသတင်း
ဒဂုံ အထက(၁) တွင် အစမ်းစာမေးပွဲ လာရောက်ဖြေဆိုသူ များပြား
DVB
·
January 7, 2022
ဒဂုံ အထက(၁) တွင် အစမ်းစာမေးပွဲ လာရောက်ဖြေဆိုသူ များပြား
1 / 2
Donate to DVB

ရန်ကုန်မြို့ရှိ အထက(၁) ဒဂုံ ကျောင်းအရှေ့တဝိုက်မှာ ဇန်နဝါရီ ၇ ရက်ဒီကနေ့  စာမေးပွဲလာရောက်ဖြေဆိုတဲ့  ကျောင်းသား၊  ကျောင်းသူတွေနဲ့ လာစောင့်နေတဲ့ ကျောင်းသားမိဘတွေ များပြားလွန်းတာကြောင့်  ကားလမ်းပိတ်ဆို့မှုတွေ ဖြစ်ခဲ့ပါတယ်။ 

ကိုဗစ်-၁၉ ရောဂါကြောင့် ပိတ်ထားခဲ့တဲ့ အခြေခံပညာစာသင်ကျောင်းတွေ ပိတ်ထားအပြီး  လပိုင်းအတွင်းမှာပဲ  ပထမအစမ်းစာမေးပွဲကို ဇန်နဝါရီ ၅ ရက်မှ ၇ ရက်အထိ  ၃ ရက်တာကျင်းပခဲ့တာဖြစ်ပါတယ်။

အ.ထ.က(၁)ဒဂုံ ကျောင်းသားသမဂ္ဂ ဒုဥက္ကဋ္ဌ ကိုသူရမောင်က “ဒဂုံ(၁)ဆိုတာက အားလုံးသိတဲ့အတိုင်းပဲ စစ်တပ်အသိုင်းဝိုင်းက ခရိုနီတွေ၊ အရင်းရှင်ကြီးတွေရဲ့ သားသမီးတွေများတဲ့အတွက် ကျောင်းတက်တဲ့သူတွေများမှာကို သိထားပြီးထားပါ။ အဲ့အတွက် ကျနောတို့အနေနဲ့ ပညာပေးဆောင်းပါးတွေ တင်ပေးပြီးလှုံ့ဆော်ပါတယ်။ ဒါပေမဲ့လည်း ရလဒ်က ထင်သလိုမဖြစ်လာဘဲ စာမေးပွဲဖြေဆိုသူ ၄၀၀ကျော်ရှိလာခဲ့ပါတယ်။ အဲ့အတွက် ကျနော်တို့ ကျောင်းသားသမဂ္ဂအနေနဲ့ ရှက်လဲရှက်သလို စိတ်မကောင်းလဲဖြစ်ရပါတယ်။ မိဘတွေရဲ့ အပြင်းထန် ဖိအားပေးမှုတွေကြောင့်လည်း ဖြစ်နိုင်သလို ကျောင်းသားတွေရဲ့ ရေသာခိုအချောင်စိတ်နဲ့ စာမေးပွဲအောင်ချင်တာတွေကြောင့် များလာတာကြောင့်လို့လဲထင်ပါတယ်။” လို့ ပြောပါတယ်။

အခြေခံညာကျောင်းတွေမှာ ပုံမှန်ဆိုရင် လပတ်စာမေးပွဲ ဖြေရပြီး သီတင်းကျွတ်မှာ ပထမအစမ်းစာမေးပွဲ ဖြေရလေ့ရှိပေမဲ့ အခုနှစ်မှာတော့ ပထမအစမ်းစာမေးပွဲကို အခုအချိန်မှ နောက်ကျပြီး ကျင်းပတာဖြစ်ပါတယ်။

နောက်မယ့် ဖေဖော်ဝါရီလမှာ  စားမေးပွဲထပ်မံ ဖြေဆိုကြရဖို့ရှိပြီး အဲဒီစာမေးပွဲပြီးရင် အတန်းတင်ပေးမယ်လို့ စစ်ကောင်စီက မက်လုံးပေးနေတဲ့အတွက် ဒီကနေ့ စာမေးပွဲလာဖြေသူတွေ များနေတာလို့လည်း ကျောင်းသားတွေထံက သိရပါတယ်။

အခုစာမေးပွဲနဲ့ပတ်သက်ပြီး အ.ထ.က(၁)ဒဂုံ ကျောင်းသားသမဂ္ဂ ဒုဥက္ကဋ္ဌ ကိုသူရမောင်က “စစ်ကျွန်စနစ်က စစ်ဆေးတဲ့စာမေးပွဲဟာ စစ်ကျွန်စာမေးပွဲပဲဖြစ်လာမယ်။ နောက်ပြီး အခုဆိုရင် စာမေးပွဲခန်းထဲ လူလဲဖြေတာတို့။ ဖတ်စာအုပ်ကြည့်ဖြေတာတို့ စတဲ့မသမာနည်းတွေနဲ့ ဖြေလို့ရနေတယ်လို့လည်းကြားရတယ်။ အဲ့တာကို ကြည့်ချင်းအားဖြင့် စစ်ကောင်စီဟာ သူတို့ရဲ့ ဝါဒဖြန့်ဖို့သက်သက်ပဲ ပြီးစလွယ် စာမေးပွဲကိုစစ်လိုက်တာလို့မြင်ပါတယ်။ ဘာအနှစ်မှမရှိတဲ့ ဆုတ်ယုတ်တဲ့စစ်ကျွန်တွေကိုမွေးထုတ်ပေးတဲ့ စစ်ကျွန်စာမေးပွဲလို့ပဲမြင်ပါတယ်။ ကျောင်းသားတွေနဲ့ မိဘတွေကို စစ်ကျွန်ပညာ သင်ကြားပေးနေတဲ့ကျောင်းတွေမတက်ကြဖို့နဲ့ စစ်ကောင်စီက စစ်တဲ့ စစ်ကျွန်ပညာရေးစာမေးပွဲကို မဖြေကြဖို့လည်းပြောချင်ပါတယ်”  ပြောပါတယ်။ 

စစ်ကျွန်ပညာရေး သပိတ်မှောက်ကျောင်းသားတွေနဲ့ CDM ကျောင်းသားတွေ ကျောင်းလာတက်ဖို့ စစ်ကောင်စီက ခြိမ်းခြောက်ဖိအားပေးတာ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် လျှောက်ထားကြဖို့ ဆရာ၊ဆရာမတွေထံက လှုံ့ဆော်ခိုင်းတာတွေရှိနေတယ်လို့ ကျောင်းသားတွေထံက သိရပါတယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၂၀၂၂ ခုနှစ်၊ မတ်လ ၃၀ ရက် မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013