DVB Logo
Home
Lead Story
မြန်မာပြည်မှာ H7N9 ကြက်ငှက်တုပ်ကွေးပိုး မတွေ့သေးဘူး - ဒေါက်တာအောင်ကြီး
DVB
·
January 29, 2014
မြန်မာပြည်မှာ H7N9 ကြက်ငှက်တုပ်ကွေးပိုး မတွေ့သေးဘူး - ဒေါက်တာအောင်ကြီး
Donate to DVB

တရုတ်ပြည်မှာ ဖြစ်ပွားနေတဲ့ H7N9 ကြက်ငှက်တုပ်ကွေးပိုးသစ်တမျိုး မြန်မာပြည်ထဲ ၀င်ရောက် မလာနိုင်ဖို့အတွက် တရုတ်-မြန်မာနယ်စပ်တလျှောက် နေရာ ၆ ခုမှာ စောင့်ကြည့်စစ်ဆေးရေး စခန်းတွေဖွင့်ပြီး လုပ်ကိုင်ဆောင်ရွက်နေတယ်လို့ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်ကြီးက ပြောပါတယ်။

တရုတ်ပြည်က မြန်မာပြည်ထဲ ကြက်တင်သွင်းမှု ပြောပလောက်အောင် မရှိဘဲ ပြည်တွင်းထုတ် ကြက်သားနဲ့ စားသုံးဖို့ လုံလောက်တာကြောင့် ပြည်တွင်းမှာ ကြက်မွေးမြူ ထုတ်လုပ် ရောင်းချသူတွေ စားသုံးသူတွေကို ကြက်ငှက်တုပ်ကွေးကာကွယ်ရေး ပညာပေး လုပ်ဆောင်တယ်။ အခုအချိန်ထိ မြန်မာပြည်မှာ H7N9 ကြက်ငှက်တုပ်ကွေးပိုး မတွေ့သေးဘူး လို့လည်း သူက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဒေါက်တာအောင်ကြီးကို ဆက်သွယ်မေးမြန်း ထားပါတယ်။

အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013