DVB Logo
Home
မြန်မာသတင်း
ထိုင်း-မြန်မာနယ်စပ်တွင် ရှေရှည်ဖွံ့ဖြိုးမှု လေ့လာရေးဌာန ဖွင့်လှစ်ရန် ဆွေးနွေး
DVB
·
January 29, 2014
ထိုင်း-မြန်မာနယ်စပ်တွင် ရှေရှည်ဖွံ့ဖြိုးမှု လေ့လာရေးဌာန ဖွင့်လှစ်ရန် ဆွေးနွေး
Donate to DVB

ထိုင်းမြန်မာ အိမ်နီးချင်း ၂ နိုင်ငံ နယ်စပ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့လာရေးဗဟိုဌာနတခု ဖွင့်လှစ်ဖို့ ၂ နိုင်ငံ နယ်ခြားတာဝန်ရှိသူတွေ ဆွေးနွေးခဲ့ပါတယ်။

ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့မှာ ဒီကနေ့ နေ့ခင်းပိုင်းက ပြုလုပ်ခဲ့တဲ့ ၇၈ ကြိမ်မြောက် ထိုင်း-မြန်မာနယ်ခြား ဆက်ဆံရေးကော်မတီမှာ ဆွေးနွေးခဲ့တယ်လို့ မန်နေဂျာ အွန်လိုင်း သတင်းမှာ ဖော်ပြထားပါတယ်။

557000001153801အဲဒီတွေ့ဆုံဆွေးနွေးမှုမှာ အရှေ့တောင်အာရှ သစ်တောထိန်းသိမ်းရေး၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေးကိစ္စတွေ အဓိကထား ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ကာလတွေက အာဆီယံဒေသထဲမှာ သစ်ခိုးထုတ်မှုနဲ့ သစ်တောပြုန်းတီးစေမှု တွေကြောင့် သစ်တောဆိုင်ရာ သယံဇာတတွေ လျော့နည်းသွားကြောင်း၊ တကယ်လို့ သစ်တောထိန်းသိမ်းမှု အချိန်မီတားဆီးနိုင်ခြင်း မရှိရင် သစ်တောပြုန်းတီးမှုတွေ ဖြစ်နိုင်ကြောင်း၊ အရင်ကလည်း အာဆီယံဒေသ သစ်တောထိန်းသိမ်းရေးမှာ ပူးပေါင်းဆောင်ရွက်ဖို့ ထိုင်းကြည်းတပ်ဘက်ကနေ မြန်မာဘက်ကို ကမ်းလှမ်းထားတာရှိပါကြောင်း ထိုင်းဘက်ခြမ်းက နယ်စပ်ရေးရာကော်မတီဥက္ကဌ အမှတ် ၃ စစ်ဒေသ သံချပ်ကာတပ်ရင်းက တပ်မဟာမှူး ဗိုလ်မှူးကြီး ယုန်းယုဒ် လောဝ်ခစ်တကန် က ပြောပါတယ်။

ဒါ့အပြင် ၂ ဘက် နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် ထိုင်းဘုရင်ဂုဏ်ပြုခြင်း အထိမ်းအမှတ် စီမံကိန်းနဲ့ ကျေးလက်တိုးတက်ကြံ့ခိုင်ရေးစီမံကိန်းတွေနဲ့ ဆောင်ရွက်ခဲ့ကြောင်း၊ ရှေ့ဆက် မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရေးနဲ့ ၂ နိုင်ငံနယ်စပ် ဖွံ့ဖြိုးရေးအတွက် အသိပညာ လဲလှယ်နိုင်ဖို့၊ ပညာပေးသင်တန်းတွေ ဖွင့်လှစ်နိုင်ဖို့ ၂ နိုင်ငံဆိုင်ရာ ဗဟိုလေ့လာရေးဌာနတခု ဖွင့်လှစ်ရေးတွေ ဆွေးနွေးသွားပါတယ်။

ဒီဆွေးနွေးပွဲမှာ မြန်မာဘက်ခြမ်းက နယ်ခြားကော်မတီ ဥက္ကဋ္ဌ ခမရ ၃၅၉ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်မြင့်ဦး နဲ့ တာချီလိတ်ဒေသ စစ်ဗျူဟာမှူး ဗိုလ်မှူး ကျော်စိုးလင်းနဲ့ အဖွဲ့ တက်ရောက်ခဲ့တယ်လို့ မန်နေဂျာအွန်လိုင်းသတင်းမှာ ဖော်ပြသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013