DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံး အပစ်ရပ်သဘောတူညီချက်မူကြမ်း ပေးအပ်
DVB
·
January 29, 2014
တနိုင်ငံလုံး အပစ်ရပ်သဘောတူညီချက်မူကြမ်း ပေးအပ်
Donate to DVB

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်(မူကြမ်း) ရရှိခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေဟာ အဲဒီမူကြမ်းကို အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ကို ပေးအပ်လိုက်ပါတယ်။

998738_10152239695818594_217998731_nတနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီိချက်နဲ့ ပတ်သက်ပြီး တိုင်းရင်းသား အဖွဲ့တွေရဲ့ ကိုယ်စားပြု တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) အဖွဲ့နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းအဖွဲ့က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီနေ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲဟာ လောခီးလာ သဘောတူညီချက်ကို အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က လာရောက်လက်ခံရယူတဲ့ သဘောသာဖြစ်ပြီး အကြိုညှိနှိုင်း ဆွေးနွေးပွဲက ဆုံးဖြတ်ချက် တစုံတရာ ချမှတ်တာ မရှိဘူးလို့ ဆွေးနွေးပွဲတက်ခဲ့တဲ့ တပြည်လုံးအပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ ဒုဥက္ကဋ္ဌ၊ ကေအန်ယူ အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်းက ပြောပါတယ်။

“အကြို ညှိနှိုင်းတဲ့ သဘောပေါ့။ ကျနော်တို့ ရထားတဲ့ သဘောတူညီချက်ကို လာပြီးတော့ လက်ခံ ရယူတဲ့ သဘောပါ။ ဘာမှ ဆုံးဖြတ်ချက်လည်း မရှိပါဘူး။”

အခုလိုပဲ အလွတ်သဘောဆွေးနွေးပွဲတွေ ဆက်လက် တွေ့ဆုံဆွေးနွေးသွားကြဖို့ရှိပြီး ဘားအံဆွေးနွေးပွဲ ကျင်းပမယ့်ရက်ကိုတော့ အခုထိ အတည်မပြုနိုင်သေးပါဘူး။

၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁ ရက်မှာ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အချက် ၁၁ ချက်ပါ လိုင်ဇာ အပစ်အခတ်ရပ်စဲရေးမူကြမ်းကို ဒီလထဲ ကရင်ပြည်နယ်၊ လောခီးလာမှာ ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားညီလာခံမှာ သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ကြပြီး ဘားအံ ဆွေးနွေးပွဲကျရင် ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားမယ်လို့ သဘောတူခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013