DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်မြို့ပေါ်တွင် တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး ဒေသခံတချို့ စစ်ဘေးရှောင်
DVB
·
January 6, 2022
လွိုင်ကော်မြို့ပေါ်တွင် တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး  ဒေသခံတချို့ စစ်ဘေးရှောင်
1 / 2
Donate to DVB

ကယား(ကရင်နီ) ပြည်နယ်၊ လွိုင်ကော်မြို့တွင်းမှာ ဇန်နဝါရီ ၆ ရက် မနက် ၁၀ နာရီခွဲကစပြီး ညပိုင်းအထိ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေတဲ့အတွက် ဒေသခံ မိသားစုတွေ စစ်ဘေးရှောင်နေကြရပါတယ်။

လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်နဲ့ ပန်ကန်း ရပ်ကွက်တွေအတွင်းက ကင်းပုန်းချထားတဲ့စစ်ကောင်စီတပ်တွေကို ကရင်နီပူးပေါင်းတပ်တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲပြင်းထန်းဖြစ်ပွားတာလို့  Karenni Democratic Front တပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။

“စစ်ကြောင်းထိုးလို့ ဝင်ပစ်ခတ်တဲ့သဘောမဟုတ်ဘဲကျနော်တို့က မြို့တွင်းကို မြို့တွင်း ပြောက်ကျား လုပ်တဲ့ ပုံစံကျနော်တို့ လုပ်တာဗျာ။ သူတို့ ကင်းပုန်းချတာကို ကျနော်တို့ဝင်ပစ်တာဗျာ။”

လွိုင်ကော်မြို့ဟာ ကယားပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့အလျှောက်  ကယားပြည်နယ်မှာ လူဦးရေ အများဆုံးနေထိုင်တဲ့ မြို့ဖြစ်သလို အခု တခြားဒေသက တိုက်ပွဲတွေကြောင့် လွိုင်ကော်မြို့ပေါ်ကို စစ်ဘေးရှောင်လာတဲ့ သူတချို့လည်း ရှိနေပါတယ်။

သူက “ဒီးမော့ဆိုမှာ ကျနော်တို့ စစ်ဒဏ်ကို တော်တော်ခံလာရတာတွေများတယ်။ ပြီးရင် ဖရူဆိုပေါ့နော်။ ဟိုတလောက ကျနော်တို့ရဲ့ ပြည်သူလူထု ၃၅ ယောက်လောက် အပြစ်မဲ့ ပြည်သူလူထုတွေ မီးရှို့ခံရတာတွေလည်း ပါတာပေါ့နော်။ အဓိက ကျနော်တို့ပြောချင်တာက ဒီးမော့ဆိုက အဖိခံရတယ်။ အဖိခံရတဲ့ အချိန်မှာ ကျနော်တို့က ဘာမှ မလုပ်ပေးနိုင်ဘူး။ တဖက်မှာဖိခံနေရတယ်။ လေကြောင်းနဲ့လည်း တိုက်ခိုက်ခံရတဲ့အချိန်မှာ ဒီမြို့တွင်းလှုပ်ရှားမှုကိုပဲ ကျနော်တို့ လုပ်ပေးနိုင်မှာဗျာ။ ပြီးတော့ သူတိုရဲ့ ဖြတ်တောက်မှုတွေကို ကျနော်တို့ လုပ်ချင်တယ်ဆိုရင် ကျနော်တို့ ဒီတလမ်းပဲ ရှိတယ်လေနော်။ မြို့တွင်း အနီးစပ်ဆုံးနေရာ ဒီတလမ်းပဲရှိတယ်ဗျာ။ ”

မနက် ၁၀ နာရီခွဲလောက်ကနေစတင်ဖြစ်ပွားတဲ့တိုက်ပွဲဟာ နာရီခြားကာ ကြိုးကြားကြိုးကြား ဆက်ဖြစ်ခဲ့ပြီး  ည ၇ နာကျော်လောက်အထိ စစ်ကောင်စီဘက်က  လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်နေတယ်လို့ မြို့ခံတွေကဆိုပါတယ်။

ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က  ၃၀ လောက်သေနိုင်ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

       “အခုနောက်ဆုံး ကျနော်တို့ မြို့တွင်းတိုက်ပွဲမှာ ကျနော်တို့ ကြားတာကတော့ နီးစပ်တဲ့ သတင်းက ၃၀ လောက် ၃၀ ကျော်လောက်သေတယ်ပြောတယ်ဗျာ။ ကျနော်တို့ နီးစပ်တဲ့သတင်းအရပြောတာက သူတို့ ဒန်ပါကားနဲ့တင်သွားတာ လူတော်တော်များ တယ်ပြောတယ်။”

ဒီကနေ့ လွိုင်ကော်မြို့တွင်းတိုက်ပွဲမှာ Karenni Democratic Front KDF ၊ KNDF, နဲ့ GZ21(loikaw) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ခုလို စုပေါင်းပြီး မြို့တွင်းတိုက်ခိုက်မှုပြုလုပ်တာ ဒါပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဒီမနက်စောပိုင်းမှာလည်း လွိုင်ကော်မြို့နယ် ကယန်းသာယာ အနီးမှာရှိတဲ့ စစ်ကောင်စီတပ် ကင်းပုန်းကို ကရင်နီပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ဗိုလ်ကြီး ၂ ယောက်အပါအဝင် အနည်းဆုံး  ၁၅ ယောက် သေဆုံးခဲ့ကြောင်း KNDF B-03 က ထုတ်ပြန်ပါတယ်။

အလားတူ မနက် ၈ နာရီ ဒီးမော့ဆိုမြို့နယ် ၆ မိုင်ကျေးရွာအနီး ကရင်နီပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး လွိုင်ကော်နဲ့ ဒီးမော့ဆိုကြား ၅ မိုင်၊ ၆ မိုင်ရှိ အများပြည်သူနေအိမ်တချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက   မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်ထားပါတယ်။

လွိုင်ကော်မြို့ပေါ် ဒီကနေ့ဖြစ်ပွားတဲ့တိုက်ပွဲကြောင့်လည်း  အိမ်ထောင်စု ၃၀ လောက် ညပိုင်းမှာ စစ်ဘေးရှောင် ထွက်ပြေးနေကြရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013