DVB Logo
Home
မြန်မာသတင်း
စစ်တပ် မီဒီယာစင်တာက သရုပ်ဆောင်သင်တန်း ခေါ်ယူနေသည့်အပေါ် လူငယ်ဒါရိုက်တာများ ဝေဖန်
DVB
·
January 6, 2022
စစ်တပ် မီဒီယာစင်တာက သရုပ်ဆောင်သင်တန်း ခေါ်ယူနေသည့်အပေါ် လူငယ်ဒါရိုက်တာများ ဝေဖန်
Donate to DVB

ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ တပ်မတော်မှတ်တမ်းရုံးနေရာမှာ ဖွင့်လှစ်ထားတဲ့ စစ်တပ်ပိုင် မြဝတီ  မီဒီယာစင်တာကနေ သရုပ်ဆောင်သင်တန်းတွေ ခေါ်ယူနေတဲ့အပေါ်  လူငယ်ဒါရိုက်တာတွေက ဝေဖန်လိုက်ပါတယ်။

ဒီသင်တန်းပြီးလို့ အရည်အချင်းမီသူတွေကို မီဒီယာဇာတ်လမ်းတွဲတွေမှာ ပါဝင်ခွင့်ရမယ်ဆိုကာ မက်လုံးပေးခေါ်ယူနေတာဖြစ်ပြီး အသက် ၁၆ နှစ်မှ ၃၅ ကြား၊ ကိုယ်/စိတ်ကျန်းမာ​ရေး​ကောင်းမွန်သူ (ကိုဗစ်ကာကွယ်​ဆေးထိုးပြီးသူ)၊ အနည်းဆုံး အ​ခြေခံပညာအလယ်တန်း​အောင်မြင်ပြီး ရုပ်ရည်သင့်တင့်​ပြေပြစ်သူ၊ တည်ဆဲဥပ​ဒေတွေနဲ့ မငြိစွန်းသူ ဖြစ်ရမယ်ဆိုပြီး သတ်မှတ်ထားတာပါ။

လူငယ်ဒါရိုက်တာ တယောက်ကတော့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ် ကတဆင့် ခုလို ရေးသားမျှဝေထားတာ တွေ့ရပါတယ်။

“အဲဒီ Media Centre ဆိုတာ တပ်မတော်မှတ်တမ်းရုံးနေရာမှာ ဆောက်ထားတဲ့ ဆေးရုံနဲ့ အတူတူ မအလ (--)မျိုးတွေ ခိုးထားတဲ့နေရာ။ ဆိုတော့ ဒီသင်တန်းကလည်း မကင်းရာ မကင်းကြောင်းတွေ ဖွင့်မယ့်သင်တန်းပဲ။ သင်တန်းပြီးရင် ဇာတ်လမ်းတွဲပါရိုက်ဦးမယ်လို့ ဒီကာလကြီးမှာ အာမခံချက်ပေးနေကတည်းက (-)သူခိုးမျိုးတွေနဲ့ ဘယ်လောက်သက်ဆိုင်နေသလဲ အသိသာကြီး။ ဘယ်ကောင်တွေက ဘယ်သူတွေနဲ့ ပတ်သက်ပြီးတော့ ဘာတွေ လုပ်ကိုင်စားတယ်ဆိုတာ သိပ်မကြာခင် အကုန်ပေါ်လာမှာပဲ။ အခုလည်း သတင်းတွေက ကြားနေရတာပဲ။ ဒီလောက,က ကျဥ်းကျဥ်းလေး။ ရင်းနှီးတာတွေ၊ မျက်နှာနာတာတွေ၊ စီနီယာတွေ၊ ဆရာ့ဆရာကြီးတွေ နောင်တချိန်ရှိမှာ မဟုတ်ဘူးနော်”

သင်တန်းအမျိုးအစားနဲ့ သင်တန်းကာလကိုတော့ Basic course ၄ လကို သင်တန်း​ကြေး တစ်လ ၂ သိန်း၊ Intermediate course ၄ လကို တစ်လ ၂ သိန်းခွဲနဲ့ Advanced course နှစ်လကို တစ်လ ၃ သိန်းသတ်မှတ်ထားကြောင်း Diamond Star Group အမည်နဲ့ ဖေ့စ်ဘွတ်ခ်လူမှု ကွန်ရက်စာမျက်နှာပေါ်ကတဆင့် ကြေညာထားပါတယ်။

သင်တန်းမှာ ဝါရင့်ဒါရိုက်တာတွေ၊ အနုပညာရှင်တွေက သင်ကြား​ပေးမယ်လို့ ဖော်ပြထားပေမဲ့ ဘယ်အနုပညာရှင်တွေက သင်ကြားပေးမယ်ဆိုတာကိုတော့ အသေးစိတ်ဖော်ပြထားတာ မတွေ့ရပါတယ်။

တခြားလူငယ် ဒါရိုက်တာတဦးကလည်း “ဒီမှာသင်တန်းသွားတက်ကြမယ့်သူများကို လုံးဝမှတ်ထားဖို့ filmmaker တွေရဲ့တာဝန်ပါ” လို့ ရေးသားမျှဝေထားတာကို တွေ့ရပါတယ်။

ကမ္ဘာတဝန်းမှာ အနုပညာလုပ်ငန်းတွေဟာ ကိုဗစ်-၁၉ ကြောင့် ပြန်လည်ကုစားဖို့ ရုန်းကန် နေရတာဖြစ်ပြီး မြန်မာနိုင်ငံကတော့ ကပ်ဘေးတင်မက အာဏာသိမ်းမှုနဲ့အတူ ကျဆုံး နေတာဖြစ်ပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းထားတဲ့ ကာလအတွင်းမှာ အနုပညာရှင်တွေကို ငွေပေးစည်းရုံးမှုတွေ ရှိနေပေမဲ့ တဖက်မှာလည်း စစ်အာဏာရှင်စနစ်ကို ရဲရဲတောက်ဆန့်ကျင်တော်လှန်နေကြတဲ့ အနုပညာရှင်တွေအများစုက ပြည်သူတွေနဲ့ တသားတည်း ရပ်တည်နေကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ အနုပညာရှင်တွေကို ဖမ်းဆီး အကျဉ်းချထားသလို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့် ဖမ်းဝရမ်းထုတ်တာတွေလည်း လုပ်ဆောင်ထားပါတယ်။

Photo-MITV

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013