DVB Logo
Home
ပညာရေး/နည်းပညာ
အလယ်တန်း အခမဲ့ပညာရေးစနစ် လာမည့်နှစ် စမည်
DVB
·
January 29, 2014
အလယ်တန်း အခမဲ့ပညာရေးစနစ် လာမည့်နှစ် စမည်
Donate to DVB

လာမယ့် ပညာသင်နှစ်ကစပြီး အလယ်တန်းအဆင့် အခမဲ့ပညာရေးကို စတင် ဆောင်ရွက်တော့မယ်လို့ မြန်မာနိုင်ငံ ပညာရေးသုတေသနအဖွဲ့ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောကြားလိုက်ပါတယ်။

schoolမနေ့က ကျင်းပတဲ့ ဒုတိယအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ကဏ္ဍအလိုက်ဆွေးနွေးပွဲမှာ ပါဝင် ဆွေးနွေးခဲ့တာနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသိမ်းကြီးက အခုလို ပြောကြားလိုက်တာလို့ နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။

ပညာရေးဘတ်ဂျက်နဲ့ ပတ်သက်ပြီး ၂၀၁၁ ခုနှစ်ကစပြီး ၃ ဆ တိုးတက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့နှစ်က မူလတန်း အခမဲ့ မသင်မနေရပညာရေးကို ဖော်ဆောင် ပေးပြီးနောက် လာမယ့်နှစ်မှာ အလယ်တန်း အခမဲ့ပညာရေးကို ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပညာရေးကဏ္ဍရဲ့ အခြေခံအဆောက်အအုံတွေ တိုးချဲ့တည်ဆောက်မှာ ဖြစ်သလို အရည်အသွေး မြင့်မားတဲ့ ပညာရေးဖြစ်ဖို့ ဆရာ၊ ဆရာမတွေ၊ မြို့နယ်နဲ့ ခရိုင်အဆင့် ပညာရေးမှူးတွေကို အရည်အသွေး မြင့်မားအောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013