DVB Logo
Home
မြန်မာသတင်း
စစ်ပညာသင်ယူနေသည့် PDF စစ်သမီးများ (ဓာတ်ပုံ)
DVB
·
January 5, 2022
စစ်ပညာသင်ယူနေသည့် PDF စစ်သမီးများ (ဓာတ်ပုံ)
1 / 13
Donate to DVB

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က မတရားအာဏာသိမ်းပြီးတဲ့နောက်  မြန်မာနိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတွေမှာ မြို့နယ်ကျေးရွာအသီးသီးက အသက်အရွယ်မျိုးစုံ အမျိုးသမီးထုတွေလည်း တက်တက်ကြွကြွရှေ့တန်းက ပါဝင်ခဲ့ကြပါတယ်။

မြို့ပြဆန္ဒပြပွဲတွေမှာ အမျိုးသမီးတွေဟာ စစ်အုပ်စုရဲ့ အသံဗုံး၊ မျက်ရည်ယိုဗုံး၊ ကျည်စစ်ကျည်မှန်တွေကို မမှုဘဲ ရှေ့ဆုံးတန်းမှ ဦးဆောင်တိုက်ပွဲဝင်ခဲ့ကြသလို မြို့ပြကိုစွန့်ခွာပြီး တိုင်းရင်းသားဒေသတွေဆီသို့ သွားရောက်ကာ စစ်ပညာကို သင်ယူကြသူတွေထဲမှာလည်း လူငယ်အမျိုးသမီးတွေ အများအပြား ပါဝင်ပါတယ်။

သင်တန်းသားတွေထဲမှာ ကျောင်းသူ၊ ဆရာ၀န် ၊ သူနာပြု ၊ လူငယ်လုပ်ငန်းရှင် ၊ ၀န်ထမ်းစတဲ့ လူထုလူတန်းစား အလွှာအသီးသီးက အမျိုးသမီးတွေပါဝင်ကြပါတယ်။  

PDF စစ်သင်တန်းတွေမှာ အမျိုးသမီးငယ်တွေဟာ   အကြမ်းဖက်စစ်တပ်ကို အမြစ်ပြတ်ချေမှုန်းဖို့ ယုံကြည်ချက်ခိုင်မိုင်မာမာနဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုကို စစ်သင်တန်းကာလ အချိန်တိုအတွင်းပြောင်းလဲနိုင်ဖို့  အပြင်းအထန်ကြိုးစားခဲ့ကြရတာလည်းဖြစ်ပါတယ်။

သင်တန်းတက်နေတဲ့ PDF စစ်သမီးတစ်ဦးက “အကြမ်းဖက်စစ်သားတစ်ယောက်ကိုသတ်ဖို့ အချိန် ၃ လတာကာလအတွင်းမှာ အပြင်းအထန်ကြိုးစားရတယ်။ ပထမ စရောက်တဲ့အပတ်မှာတင် PT ပုံမှန်လိုက်ပြေးနိုင်ဖို့နဲ့ သူများစားသလိုစားနိုင်ဖို့ကို ကြိုးစားရတယ်။ အမျိုးသားတွေနဲ့ တန်းတူသင်တန်းတက်နိုင်ဖို့နဲ့ ကြံ့ခိုင်မှုတွေလိုက်လုပ်ဖို့ဆိုတာ ပြင်းပြတဲ့စိတ် တစ်ခုကြောင့်ပဲ” လို့ ပြောပါတယ်။

PDF စစ်သမီးတွေကို သေနတ်နဲ့ တသားတည်းရှိစေဖို့ အချိန်ပြည့် သေနတ်ပေးကိုင်ထားတဲ့အတွက် အမြဲကိုယ်နဲ့ မကွာအောင်သတိထားနေရပြီး  သေနတ်ပျောက်တာ၊ မေ့ကျန်တာတွေရှိတဲ့အခါ မှာတော့ ပြစ်ဒဏ်ပေးခဲ့ကြရတယ်လို့ သိရပါတယ်။

PDF စစ်သားတစ်ဦးက “အမျိုးသမီးတွေ စစ်သင်တန်းတက်တဲ့အချိန်မှာ မိန်းမ/ယောကျ်ားဆိုတာ မရှိတော့ဘူး အကုန်စစ်သားကြီးပဲဖြစ်ကုန်တယ်။ သင်တန်းမှာ အားလုံးက ရဲဘော်ရဲဘက်ပဲဗျ  လို့ သင်တန်းကာလအတွေအကြုံကို ရှင်းပြပါတယ်။

စစ်သင်တန်းတစ်ခုမှာ အမျိုးသမီး ၂၅ ရာခိုင်နှုန်းလောက် အနည်းဆုံးပါ၀င်ပြီး သင်တန်းပြီးဆုံးပါက တာ၀န်ကျရာ နေရာအသီးသီးသို့ သွားရောက်တာ၀န်ထမ်းဆောင်ရတယ်လို့ PDF သင်တန်းမှူးတယောက်က ပြောပါတယ်။

Photo - JPaing / MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013