DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေး ဦးစားပေးကိစ္စအဖြစ်ဆက်ရှိမည်ဟု ကုလလုံခြုံရေးကောင်စီ ဥက္ကဋ္ဌသစ် နော်ဝေနိုင်ငံပြော
DVB
·
January 4, 2022
မြန်မာ့အရေး ဦးစားပေးကိစ္စအဖြစ်ဆက်ရှိမည်ဟု ကုလလုံခြုံရေးကောင်စီ ဥက္ကဋ္ဌသစ် နော်ဝေနိုင်ငံပြော
Donate to DVB

၂၀၂၂ ခုနှစ် ဇန်နဝါရီမှာ  နော်ဝေနိုင်ငံဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဥက္ကဋ္ဌရာထူးကို ထမ်းဆောင်မှာဖြစ်ပြီး မြန်မာနိုင်ငံအခြေအနေဟာ ၂၀၂၁ ခုနှစ်ကလိုပဲ  နော်ဝေနိုင်ငံအတွက် ဆက်လက်ပြီး ဦးစားပေးကိစ္စအဖြစ် ရှိနေမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့  မြန်မာနိုင်ငံရှိ အကျိုးစီးပွားပါဝင်ပတ်သက်သူအားလုံးနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ဖို့  မျှော်လင့်တယ်လို့လည်း နှစ်သစ်ကူးအထိမ်းအမှတ် နော်ဝေသံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ၁၀ နှစ်တာ ဒီမိုကရေစီအရွေ့ဟာ နောက်ကြောင်းပြန်သွားခဲ့ပြီး ကိုဗစ်-၁၉ ရောဂါရဲ့ အဆိုးရွားဆုံး ကူးစက်မှုလှိုင်းကိုလည်း ရင်ဆိုင်ခဲ့ရပေမဲ့ မြန်မာပြည်သူတွေဟာ ကြံ့ကြံ့ခံနိုင်ကြောင်း၊  ဒေသခံ အရပ်ဘက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်းတွေ၊ သတင်းမီဒီယာတွေ၊ အစိုးရပေါင်းစုံအဖွဲ့အစည်းတွေနဲ့ တခြားသော အဖွဲ့အစည်းတွေအပါအဝင် မိတ်ဖက်တွေရဲ့ ကာလရှည်ကြာ စိတ်ဓာတ်ကြံ့ခိုင်မှုကို ကြုံတွေ့ရလို့  အားရမိတယ်လို့လည်းဆိုပါတယ်။

၂၀၂၂ ခုနှစ်အတွက်လည်း ထိလွယ်ရှလွယ်အဖြစ်ဆုံးသူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ကာကွယ်ဆေးရရှိနိုင်မှု တိုးမြှင့်ရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတို့ကို မြှင့်တင်ရေး၊ ဒီမိုကရေစီ အသံတွေ၊ အမျိုးသမီးနဲ့ လူနည်းစုအသံတွေ ခိုင်မာအားကောင်းစေရေးနဲ့ ငြိမ်းချမ်းရေးအတွက် မူဘောင်ချတာ ရည်မှန်းချက်ကြီးမားတဲ့ အစီအစဉ်တွေ ချမှတ်နေပြီး ပိုမိုကောင်းမွန်တဲ့ ၂၀၂၂ ဖြစ်ပါစေဖို့ မြန်မာပြည်သူတွေနဲ့အတူ မျှော်လင့်မိတယ်လို့ နော်ဝေသံရုံးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Photo Credit-Norway Embassy

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013