DVB Logo
Home
မြန်မာသတင်း
ပို့ကုန်မြှင့်တင်ရေး ရည်ရွယ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အခွင့်အရေး ပိုပေးရန်လို
DVB
·
January 28, 2014
ပို့ကုန်မြှင့်တင်ရေး ရည်ရွယ်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အခွင့်အရေး ပိုပေးရန်လို
Donate to DVB

အထူးစီးပွားရေးဇုန်ဥပဒေအရ ရင်းနှီးမြှုပ်နှံသူတွေကို အခွင့်အရေးပေးတဲ့နေရာမှာ ပြည်ပ ပို့ကုန် မြှင့်တင်ရေးကို ရည်ရွယ်တဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကို အခွင့်အရေးပိုမိုပေးအပ်ဖို့ လိုတယ်လို့ စီးပွားရေးပညာရှင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်နေတဲ့ အထူးစီးပွားရေးဇုန်တွေမှာ ရင်းနှီးမြှုပ်နှံသူတွေ ၀င်ရောက်လာဖို့အတွက် ၂၀၁၄ ခုနှစ်၊ မြန်မာအထူးစီးပွားရေးဇုန်ဥပဒေကို အခုနှစ်၊ ဇန်န၀ါရီ ၂၃ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းခဲ့ပါတယ်။

[caption id="attachment_47770" align="alignright" width="300"]သီလ၀ါ အထူးစီးပွားရေးဇုန် သီလ၀ါ အထူးစီးပွားရေးဇုန်[/caption]

ရင်းနှီးတည်ဆောက်သူတွေအနေနဲ့ စီးပွားဖြစ် စတင်လည်ပတ်တဲ့နေ့ကစပြီး ပထမ ၈ နှစ်အတွက် ၀င်ငွေခွန်ကင်းလွတ်ခွင့်၊ ဒုတိယ ၅ နှစ်အတွက် တည်ဆဲဥပဒေအရ သတ်မှတ်တဲ့ ၀င်ငွေခွန်နှုန်းထားရဲ့ ၅၀ ရာခိုင်နှုန်းသက်သာခွင့် နဲ့ တတိယ ၅နှစ်အတွက် လုပ်ငန်းမှရရှိတဲ့ အမြတ်ငွေကို ပြန်လည်ရင်းနှီးမြှုပ်နှံဖို့ သီးသန့်ရန်ပုံငွေထားရှိပြီး ၁ နှစ်အတွင်း ယင်းလုပ်ငန်း မှာ ပြန်လည်ရင်းနှီးမြှုပ်နှံမယ်ဆိုရင် အဆိုပါရင်းနှီးမြှုပ်နှံထားတဲ့ အမြတ်စွန်းငွေအပေါ် တည်ဆဲဥပဒေအရ သတ်မှတ်တဲ့ ၀င်ငွေခွန်နှုန်းထားရဲ့ ၅၀ ရာခိုင်နှုန်း သက်သာခွင့် ရရှိမှာ ဖြစ်တယ်လို့ ဒီဥပဒေမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ သီလ၀ါအထူးစီးပွားရေးဇုန်၊ ထားဝယ်ရေနက်ဆိပ်ကမ်းအထူးစီးပွားရေးဇုန်နဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်တွေကို တည်ဆောက်ဖို့အတွက်  အကောင်အထည်ဖော်နေပါတယ်။

ဒါကြောင့် ပြည်းတွင်းမှာ အထူးစီးပွားရေးဇုန်တွေ ပေါ်ထွက်လာတာက တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့လုပ်ဆောင်ချက် တခုလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အထူးစီးပွားရေးဇုန်ကို ဖော်ဆောင်တဲ့နေရာမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးရုံ  တခုတည်းနဲ့ မဟုတ်ဘဲ ပြည်ပပို့ကုန် မြှင့်တင်ရေးအတွက်လည်း ရည်ရွယ်ချက်ထားပြီး အကောင်အထည် ဖော်မှသာ တိုင်းပြည်ရဲ့ စီးပွားရေးက ရေရှည်ဖွံ့ဖြိုးတိုးတက်မယ်လို့ စီးပွားရေးမူဝါဒရေးရာ ကျွမ်းကျင်သူ ဒေါက်တာအောင်ကိုကိုက ဒီဗွီဘီကို ပြောပါတယ်။

အထူးစီးပွားရေးဇုန်တွေကို စီမံခန့်ခွဲတဲ့နေရာမှာတဲ့နေရာမှာလည်း စနစ်တကျနဲ့ အကောင်အထည် ဖော်ဖို့လိုတယ်လို့ ဆိုပါတယ်။

အိမ်နီးချင်း တရုတ်နိုင်ငံအနေနဲ့ အထူးစီးပွားရေးဇုန်ကနေတဆင့် တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် အကွက်ချ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အထူးစီးပွားရေးဇုန်တွေ ပေါ်ပေါက်လာတာက တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားတခုဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ပြည်ထောင်စုဝန်ကြီးရဲ့ စီးပွားရေးဆိုင်ရာအကြံပေးအရာရှိ ဒေါက်တာမောင်အောင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုက ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ နောက်ဆုံးရက်အထိ အမေရိကန် ဒေါ်လာ ၄၄ ဘီလီယံကျော် ရှိတဲ့အနက် ကုန်ထုတ်လုပ်မှုကဏ္ဍအပေါ်မှာ ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံကျော်သာရှိကြောင်း အစိုးရကထုတ်ပြန်တဲ့စာရင်းတွေမှာ ဖော်ပြထားပါတယ်။ အသံဖိုင်နားဆင်ရန်
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013