DVB Logo
Home
မြန်မာသတင်း
ပုလဲမြို့တွင် ပြည်ထောင်စုနေ့စဉ်သတင်းစာနှင့် ပြည်ခိုင်ဖြိုးပါတီသဝဏ်လွှာများ ဖျက်ဆီးခံရ
DVB
·
January 3, 2022
ပုလဲမြို့တွင် ပြည်ထောင်စုနေ့စဉ်သတင်းစာနှင့် ပြည်ခိုင်ဖြိုးပါတီသဝဏ်လွှာများ ဖျက်ဆီးခံရ
1 / 5
Donate to DVB

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ဇန်နဝါရီ ၂ ရက် မနက်ပိုင်းက ပုလဲ-ဂန့်ဂေါလမ်းပိုင်းမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဝါဒဖြန့်သတင်းစာတွေနဲ့ လွတ်လပ်ရေးနေ့ သဝဏ်လွှာတွေ စစ်ဆေးတွေ့ ရှိတာကြောင့် ဖျက်ဆီးပစ်လိုက်တယ်လို့ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ် Pale Jokers PDF တာဝန်ခံက ပြောပါတယ်။

''နယ်မြေစိုးမိုးရေးအတွက် စစ်ဆေးနေချိန်မှာ လိုင်းကားနဲ့တင်လာတဲ့ ကြံ့ဖွံ့ပါတီရဲ့ လွှတ်လပ်ရေးနေ့ သဝဏ်လွှာ အစောင်ရေ ၃၀၀ နဲ့ ပြည်ထောင်စုနေ့စဉ်သတင်းစာ အစောင်ရေ ၂၀၀ ကို သိမ်းဆည်းရမိလို့ ဖျက်ဆီးပစ်လိုက်တယ်'' လို့ အတည်ပြုပြောပါတယ်။

အဆိုပါစာစောင်ပါ ဆယ်ထုတ်တင်ဆောင်လာတဲ့ မော်တော်ယာဉ်နဲ့ ပတ်သက်သူကိုတော့ နောက်နောင်မှာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ပစ္စည်းတွေ သယ်ယူပို့ဆောင်တာမလုပ်ဖို့ ခံဝန်ရေးထိုးပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

ပြည်ခိုင်ဖြိုးပါတီရဲ့လွှတ်လပ်ရေးနေ့သဝဏ်လွှာတွေနဲ့ ပြည်ထောင်စုနေ့စဉ်သတင်းစာတွေပါဝင်တဲ့ ပါဆယ်ထုတ်အပေါ်မှာတော့ ''ဦးကီးကန်၊ ဟားခါး၊ ၀၉၄၄၂၀၀၀၂၆၀'' လို့ ရေးသားထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ပုလဲ-ဂန့်ဂေါလမ်းပေါ်သွားလာနေတဲ့ ခရီးသွားယာဉ်တွေကို စစ်ကောင်စီနဲ့ ပတ်သက်တဲ့ပစ္စည်းတွေ၊ စာရွက်စာတန်းတွေ သယ်ဆောင်ပေးတာတွေမလုပ်ဖို့ အထူးသတိပေးထားပြီး နောက်နောင်မှာ အလားတူကိစ္စမျိုးတွေ စစ်ဆေးတွေ့ရှိရပါက ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ကြေညာထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013