DVB Logo
Home
မြန်မာသတင်း
ဝ ဒေသတွင် ပထမဆုံးအကြိမ် သန်းခေါင်စာရင်း ကောက်မည်
DVB
·
January 28, 2014
ဝ ဒေသတွင် ပထမဆုံးအကြိမ် သန်းခေါင်စာရင်း ကောက်မည်
1 / 2
Donate to DVB

ရှမ်းပြည်နယ်ထဲက တိုင်းရင်းသားလူမျိုးတမျိုးဖြစ်တဲ့ ၀ ဒေသမှာ တကြိမ်တခါမှ မရှိခဲ့ဖူးသေးတဲ့ လူဦးရေနဲ့ သန်းခေါင်စာရင်းကောက်ယူရေးကို တခြားဒေသတွေထက် စောပြီး ဆောင်ရွက်မှာဖြစ်ပါတယ်။

map2 copy၀တိုင်းရင်း သားတွေ ဟာ မြန်မာနိုင်ငံ ထဲမှာ ရှေးနှစ်ပေါင်းများစွာကတည်းက နေထိုင်ခဲ့ပေမယ့်လည်း တကြိမ်တခါမှ သန်ခေါင်စာရင်း မကောက်ဖူးသေးတဲ့အတွက် တခြားဒေသထက်စောပြီး ဆောင်ရွက်မယ်လို့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ) ပြောခွင့်ရ ဦးအောင်မြင့်က ပြောပါတယ်။

“ကျနော်တို့ ၀ဒေသမှာ မြန်မာပြည် လွတ်လပ်ရေးရပြီးတဲ့ ဒီနှစ်ပေါင်း ၆၀ ကျော် မပြောနဲ့ ၀ သမိုင်းဟာဆိုရင် နှစ်ပေါင်း ၃ ထောင်ကျော်ရှိမယ်။ ဒီလိုသမိုင်းစဉ်ကြီးအောက်မှာ လူဦးရေ သန်းခေါင်စာရင်းကောက်တယ်ဆိုတာ တခါမှ မရှိဖူးသေးဘူး။ တချို့က ကြားတောင်မကြားဖူးဘူး။ ဒါကြောင့် ဒီတခါကျင်းပမယ့် နိုင်ငံလုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးနဲ့ ပတ်သက်လို့ ကျနော်တို့ ဒေသအစိုးရကရော၊ ပါတီအဖွဲ့အစည်းကရော ဆုံးဖြတ်ထားပါတယ်။ ပါဝင်ပြီးတော့ ကောက်ယူဖို့၊ နိုင်ငံတော်က လုပ်ဆောင်မယ့် ဒီအစီအစဉ်ကိုလည်း ထောက်ခံတယ်။”

ဝဒေသဟာ မြို့ပြလိုမဟုတ်ဘဲ တရွာနဲ့ တရွာလမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့အတွက် တနိုင်ငံလုံးနဲ့ အချိန်ကိုက်ပြီးစီးအောင် မတ်လဆန်းက စပြီးကောက်ယူမယ်လို့ သူကဆက်ပြောပါတယ်။

သန်းခေါင်စာရင်း ကောက်ယူမှုမှာ အတွေ့အကြုံမရှိသေးတဲ့အတွက် အစိုးရဘက်က သင်တန်းလာပေးဖို့ရှိပြီး အတူတူပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဦးအောင်မြင့်က ပြောပါတယ်။

ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ ၀ မျိုးနွယ်စုတွေအပြင် အခြား ရှမ်း၊ ပလောင်၊ လီရှော၊ ကိုးကန့် အစရှိတဲ့ တိုင်းရင်းသားလူမျိုး စုစုပေါင်း ၁၄ မျိုးလောက်နေထိုင်ပြီး လူဦးရေ ၄ သိန်း ခွဲလောက်ရှိမယ်လို့ ယူဒဗလျူအက်စ်အေက ခန့်မှန်းထားပါတယ်။

ယူဒဗလျူအက်စ်အေ ၀တပ်ဖွဲ့ဟာ စစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲပြီးတဲ့နောက် ၂၀၀၈ အခြေခံဥပဒေအရ ရှမ်းပြည်နယ်ထဲက ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်၊ မက်မန်း နဲ့ ပန်ဆန်း စတဲ့ မြို့နယ် ၆ ခုကို အထူးဒေသ ၂ အဖြစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာ ရှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့နယ်ဘက်ကို ၀ လူမျိုးတွေ အမြောက်အမြား ပြောင်းရွှေ့လာပြီး တောင်ပိုင်းတပ်စခန်းပါ ဖွင့်လှစ်အခြေစိုက် နေထိုင်ခဲ့ပါတယ်။

မြန်မာနိုင်ငံတ၀န်း သန်းခေါင်စာရင်းကောက်ယူမှုကို မတ်လ ၃၀ ရက်ကစပြီး ဧပြီ ၁၄ ရက်အထိ ကောက်ယူမှာ ဖြစ်ပြီး ဝေးလံဒေသတွေမှာတော့ သတ်မှတ်ရက်ထက် ၅ ရက်စော ကောက်ယူမယ်လို့ အစိုးရက ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013