
ရခိုင်ပြည်နယ် မောင်တောမြို့ ဒူချီရတန်းကျေးရွာမှာ ဖြစ်ပွားခဲ့မှုနဲ့ ပတ်သက်လို့ အစိုးရက သတင်းစာရှင်းလင်းပွဲကို ဒီကနေ့ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ရာမှာ သတင်းဌာနအကန့်အသတ်နဲ့သာ ပေးဝင်ခဲ့တယ်လို့ ၀င်ခွင့်မရခဲ့တဲ့ ဒီဗွီဘီသတင်းထောက် မျိုးဇော်လင်းက ပြောပါတယ်။
ရခိုင်ပြည်နယ် ဒူချီရတန်ကျေးရွာအဖြစ်အပျက်ဟာ ရိုဟင်ဂျာမွတ်စလင် အယောက်လေးဆယ်ကျော် သတ်ဖြတ်ခံရတယ်ဆိုတဲ့ အစီရင်ခံစာတွေကို ကိုးကားပြီး ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စု စတဲ့ နိုင်ငံတကာအသိုင်း အ၀ိုင်းက ဖြစ်ရပ်မှန်ကို စုံစမ်းဖော်ထုတ်ဖို့ ဒီလ ၂၄ ရက်က တောင်းဆိုခဲ့ကြပါတယ်။
အစိုးရက ဒီဖြစ်ရပ်မှာ ရဲတပ်ကြပ်ကြီးတဦးသာ ပျောက်ဆုံးကြောင်းနဲ့ ရွာသားတယောက်မှ သေဆုံးမှုမရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ငံတကာ ဖိအားတွေ တိုးများလာခဲ့ပြီးတဲ့နောက် ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ထပ်မံပြုလုပ်တာ ဖြစ်ပါတယ်။
သတင်းစာရှင်းလင်းပွဲ ကျင်းပမယ့်အခန်းဟာ ကျဉ်းလို့ ပေးမ၀င် သတင်ယူခွင့် မပေးတာလို့ ပြန်ကြားရေး ဒုတိယ၀န်ကြီးလည်းဖြစ်၊ သမ္မတပြောခွင့်ရသူလည်း ဖြစ်တဲ့ ဦးရဲထွတ်က ရှင်းပြတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး ဒီဗွီဘီသတင်းထောက် မျိုးဇော်လင်းကို ဆက်သွယ် မေးမြန်းထားပါတယ်။
အသံဖိုင်နားဆင်ရန်











