ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် အမှတ် ၁၈ ရပ်ကွက်ရုံးမှာ ဒီဇင်ဘာ ၂ ရက် ည ၇ နာရီကျော်က ဗုံးပေါက်ကွဲခဲ့တာကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် ရပ်ကျေးအဖွဲ့ဝင်တွေ ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိပါတယ်။
ဇန်နဝါရီ ၂ ရက် ည ၇ နာရီကျော်လောက်က အမှတ် ၁၈ အုပ်ချုပ်ရေးမှုးရုံးမှာ ကနဦးက သေနတ်သံတွေ ကြားရပြီးနောက် ဗုံးပေါက်ကွဲသံအကျယ်ကြီး ထွက်ပေါ်ခဲ့တာလို့ မြို့ခံတဦးက ပြောပါတယ်။
သေနတ်သံတွေနဲ့ ဗုံးကွဲသံတိတ်သွားပြီး အုပ်ချုပ်ရေးမှူးရုံးထဲမှာ လဲကျနေတဲ့လူတွေ မြင်ရကြောင်း၊ ဒဏ်ရာရသူတွေထဲမှာ ရပ်ကွက်အုပ်ချုပ်ရေးမှုးနဲ့ သားဖြစ်သူအပါအဝင် ၄ ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
ပစ်ခတ်တိုက်ခိုက် ပေါက်ကွဲမှုအပြီးမှာတော့ စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ရမ်းပစ်ခတ်တာတွေ ပြုလုပ်ကာ လမ်းပိတ်ဆို့စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ရွှေပြည်သာမြို့နယ် ပေါက်ကွဲမှု ဖြစ်စဉ်နဲ့ ထိခိုက်ဒဏ်ရာရမှုအခြေအနေကို အတိအကျ သိနိုင်ဖို့ ဒီဗွီဘီက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
အလားတူ လှိုင်သာယာမြို့နယ် အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်မှာလည်း ဗုံးတွေ့ရှိတာကြောင့် စစ်ကောင်စီတပ်က လာရောက် စစ်ဆေးနေတယ်လို့ လှိုင်သာယာ မြို့ခံတွေဆီ သိရပါတယ်။