DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံးအပစ်ရပ်ရေးကိစ္စ ထိုင်းတွင် ညှိနှိုင်းကြမည်
DVB
·
January 28, 2014
တနိုင်ငံလုံးအပစ်ရပ်ရေးကိစ္စ ထိုင်းတွင် ညှိနှိုင်းကြမည်
Donate to DVB

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီိချက်နဲ့ ပတ်သက်ပြီး တိုင်းရင်းသားအဖွဲ့တွေရဲ့ ကိုယ်စားပြု တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) အဖွဲ့နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းအဖွဲ့က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့တို့ ဇန်န၀ါရီ ၂၉ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံ ညှိနှိုင်းကြမှာ ဖြစ်ပါတယ်။

အန်စီစီတီရဲ့ ပြောခွင့်ရသူ ပဒိုကွယ်ထူးဝင်းက ဆွေးနွေးမယ့်အကြောင်းအရာကို ခုလို ပြောပါတယ်။

[caption id="attachment_50917" align="alignleft" width="300"]လောခီးလာဆွေးနွေးပွဲ (ဇန်န၀ါရီ ၂၀) လောခီးလာဆွေးနွေးပွဲ (ဇန်န၀ါရီ ၂၀)[/caption]“အကြောင်းအရာကတော့ ကျနော်တို့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ လောခီးလာကနေ ရတဲ့ သဘောတူညီချက်ပေါ်မှာ ကျနော်တို့ အမြင်ချင်း ဖလှယ်မှာပေါ့နော်။ ဘားအံမှာ မတွေ့ခင်မှာ အဲဒါ ညှိတဲ့သဘောပါ။ ဦးအောင်မင်းတို့ဘက်ကတော့ မြန်မာငြိမ်းချမ်းရေးစင်တာက ပါမှာပေါ့။”

ညှိနှိုင်းမယ့် အကြောင်းအရာအသေးစိတ်ကို မပြောပါဘူး။ မကြာသေးခင်က ပြီးစီးခဲ့တဲ့ ညီလာခံအခြေအနေအရ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့ဆိုတဲ့ အသုံးအနှုန်းနဲ့ ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်ဆိုတဲ့ စကားလုံးအပိုင်းတွေမှာ ညှိနှိုင်းကြဖွယ် ရှိပါတယ်။

ဒီ တွေ့ဆုံမှုဟာ မကြာသေးခင်က ကေအန်ယူထိန်းချုပ်နယ်မြေ လောခီးလာမှာ ဇန်န၀ါရီ ၂၀ ရက်နေ့ကနေ ၂၅ ရက်နေ့ထိ ညီလာခံကျင်းပပြီး ၃ ရက်အကြာမှာ တွေ့ဆုံမှု ဖြစ်ပါတယ်။

ဒီညီလာခံမှာ တိုင်းရင်းသားတွေဘက်က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူချက် (မူကြမ်း) ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒီတကြိမ် လောခီးလားညီလာခံမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) ကို တပြည်လုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ လက်မှတ်ရေးထိုးပွဲ ကျင်းပတဲ့အခါ ပါဝင်လက်မှတ်ရေးထိုးဖို့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်က သဘောတူညီကြတယ်လို့ ပဒိုကွယ်ထူးဝင်းက ပြောပါတယ်၊

“ပါသင့်တယ်လို့လည်း ပြောကြာတာကိုး။ တချို့အဖွဲ့အစည်းတွေက မြင်တာက သူတို့လည်း လက်နက်ကိုင်အဖွဲ့အစည်းတခုလည်း ဖြစ်တယ်။ ဒါပေမယ့် တိုင်းရင်းသား လူမျိုးတမျိုးကိုတော့ ကိုယ်စားပြုတာ မဟုတ်ဘူး။ တိုင်းရင်းသားပေါင်းစုံကို ကိုယ်စားပြုတဲ့ သဘောဆောင်တဲ့အတွက်ကြောင့် သူကလည်း ပါဝင်သင့်တယ်လို့ပဲ ဆွေးနွေးကြတယ်။ ဆုံးဖြတ်ချက်ရယ်လို့တော့ တိတိကျကျ ဆုံးဖြတ်တာရယ်လို့တော့မရှိဘူး။”

ကျောင်းသားတပ်မတော်ဟာ အစိုးရနဲ့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိထားပေမယ့် ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေးကိုတော့ လက်မှတ်ရေးထိုးထားခြင်း မရှိသေးပါဘူး။

အစိုးရပိုင်းက တာဝန်ရှိ ခေါင်းဆောင်ပိုင်းတွေရဲ့ ထုတ်ဖော်ပြောဆိုချက်အရ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ တိုင်းရင်းသားကိုယ်စားလှယ်အဖွဲ့ဟာ ကရင်ပြည်နယ် ဘားအံမှာ ဖေဖော်ဝါရီလအတွင်း တွေ့ဆုံညှိနှိုင်းကြဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒါကြောင့် မနက်ဖန် တွေ့ဆုံကြမယ့် ညှိနှိုင်းပွဲအပါအ၀င် နှစ်ဘက် ညှိနှိုင်းပွဲတွေရဲ့ အောင်မြင်မှု အတိုင်းအဆပေါ်မှာ မူတည်ပြီး ဘားအံဆွေးနွေးပွဲ သဘောတူညီချက်က သက်ရောက်မှု ရှိမှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013