DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-အန်ကောဝပ် ကုန်းလမ်းဘတ်စ်ကား ခရီးစဉ်စတင်
DVB
·
January 28, 2014
ရန်ကုန်-အန်ကောဝပ် ကုန်းလမ်းဘတ်စ်ကား ခရီးစဉ်စတင်
Donate to DVB

မြန်မာနိုင်ငံ ရန်ကုန်မြို့ကနေ ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်အဖြစ် နာမည်ကျော်ကြားတဲ့ ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်ဘုရားကျောင်းထိ ကုန်းလမ်းခရီး ဘတ်စ်ကားနဲ့ စတင် သွားရောက် လည်ပတ်နိုင်ပြီလို့ ၀န်ဆောင်မှုပေးနေတဲ့ VEGA Travel ခရီးသွားလုပ်ငန်းက ပြောပါတယ်။

art-Angkor-Wat-420x0ရန်ကုန်ကနေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကတဆင့် အန်ကောဝပ်ဘုရားကျောင်းရှိရာ ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ယိပ်မြို့ထိ ကုန်းလမ်းခရီးစဉ် ဘတ်စ်ကားနဲ့ အလည်အပတ် သွားလိုသူတွေအတွက် ၀န်ဆောင်မှု စပေးနေတာလို့ VEGA Travel ခရီးသွားလုပ်ငန်း ကုမ္ပဏီက လက်မှတ်အရောင်းမန်နေဂျာ ဦးသန့်ဇင်က ပြောပါတယ်။

“ရန်ကုန်ကနေ မနက် ၆ နာရီလောက် စထွက်တယ်။ ညနေ ၄ နာရီဆိုရင် မြ၀တီဘက်ကို ရောက်သွားတယ်။ ညဘက် ၁ နာရီ ၂ နာရီလောက် ခဏနားပြီး ဟိုဘက် မြ၀တီကနေ ဘန်ကောက်ကိုတက်တဲ့ ကားရှိတယ်။ သူက ည ၇ နာရီ ၈ နာရီလောက် စထွက်တယ်။ မနက် ၅ နာရီလောက် ဘန်ကောက်ကို ရောက်တယ်။ ဘန်ကောက်မှာ တည အိပ်ပြီး နောက်နေ့ အန်ကောဝပ်ကို သွားချင်တယ်ဆိုရင်လည်း ကျနော်တို့ စီစဉ်ပေးတယ်။ တိုက်ရိုက် သွားချင်တဲ့သူတွေကိုလည်း အန်ကောဝပ်ကားနဲ့ ကျနော်တို့ ပြန်ဖြည့်ပေးတယ်။ အဲအတွက် ရန်ကုန်မှာ ပိုက်ဆံရှင်းပြီးတဲ့နောက်ပိုင်း ဟိုဘက်ခြမ်းအထိ လက်မှတ်တွေ ၀ယ်ပေးထားတာ။ ဧည့်သည်က လက်မှတ်ထုတ်ပြီး ရန်ကုန် အောင်မင်္ဂလာအဝေးပြေးကနေ စစီးရုံပဲ။”

ရန်ကုန်မှ မြ၀တီထိ အဆင့်မြင့် မှန်လုံကားငယ်တွေနဲ့ ပြေးဆွဲမှာ ဖြစ်ပြီး မဲဆောက်- ဘန်ကောက်ခရီးကိုတော့ အဆင့်မြင့်မှန်လုံ ၂ ထပ်ဘတ်စ်ကားကြီးတွေနဲ့ စီစဉ်ပေးမှာ ဖြစ်ပါတယ်။ ဘတ်စ်ကားခနှုန်းထားတွေကတော့ ရန်ကုန်မှ ဘန်ကောက်ထိ ၁ ကြောင်းကို မြန်မာ ကျပ်ငွေ ၅ သောင်းခွဲ ဖြစ်ပြီး ရန်ကုန်ကနေ အန်ကောဝပ်ထိ ကျပ်ငွေ ၆ သောင်း သတ်မှတ်ထားပါတယ်။

ခရီးသည်တွေအနေနဲ့ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ လက်ဝယ်ရှိရာမှာ ဖြစ်ပြီး ထိုင်း ပြည်ဝင်ခွင့် ဗီဇာကြေးနဲ့ တည်းခိုခတွေကတော့ ခရီးသည်က သီးခြားပေးဆောင်ရမှာ ဖြစ်ပါတယ်။ ထိုင်းဗီဇာကြေးအတွက်တော့ အမေရိကန်ဒေါ်လာ ၄၀ နဲ့ ၀န်ဆောင်ခ မြန်မာငွေ ကျပ် ၅ ထောင်ပေးပြီး ကုမ္ပဏီက တဆင့် လျှောက်ထားနိုင်သလို ကိုယ့်အစီအစဉ်နဲ့ ကိုယ်လည်း ဗီဇာ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

ဘန်ကောက်မြို့ကနေ အန်ကောဝပ်ထိ ၀န်ဆောင်မှုပေးတဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး ဘန်ကောက်မြို့က VEGA Travel ရုံးက လက်မှတ်အရောင်း တာဝန်ရှိသူ ခွန်ဆာရာက ခုလို ရှင်းပြပါတယ်။

“ဧည့်သည်က ရန်ကုန်-ဘန်ကောက်ကို လာရမယ်။ ဘန်ကောက်ကနေပြီးမှ ကမ္ဘောဒီးယားကို ကားနဲ့ ပြန်သွားရမယ်။ တိုက်ရိုက်တော့ သွားလို့ မရဘူး။ မြန်မာပြည်သားတွေက ဗီဇာမလိုဘူးလေ။ ထိုင်းတခုကိုပဲ ဗီဇာယူလာရုံပဲ။ ကမ္ဘောဒီယားကိုတော့ ဟိုမှာ on arrival visa ပေးတယ်။ အဲဒါပြီးရင် ဗီဇာကြေး ကိုယ့်ဘာသာကိုယ် ပေးရတာပေါ့။ ဗီဇာ ဒီကနေပြီး တခါတည်း လျှောက်စရာမလိုဘူး။ ဒါပေမယ့် ဟိုရောက်ရင်တော့ ဗီဇာက ဒေါ်လာ ၃၀ ပေးရတယ်။ အဲဒါက ဟိုရောက် ကိုယ့်ဘာသာကိုယ်ပေးပေါ့။”

ဘတ်စ်ကား ခရီးစဉ်ကြာမြင့်ချိန်ကတော့ ခန့်မှန်းချေ ရန်ကုန် - မြ၀တီ ၁၀ နာရီခန့် - မဲဆောက်မှ ဘန်ကောက် ၉ နာရီခန့်နဲ့ဘန်ကောက်မှ အန်ကောဝပ်ထိ ၈ နာရီခန့် အချိန် ကြာမြင့်မှာ ဖြစ်ပါတယ်။

အလားတူ မော်လမြိုင်နဲ့ ဘားအံမြို့တွေကနေ ဘန်ကောက်နဲ့ အန်ကောဝပ်ကို ခရီးသွား လိုသူတွေ အတွက်လည်း သီးခြား ၀န်ဆောင်ခတွေနဲ့ ဆောင်ရွက်ပေးနေပါတယ်။

ဒါ့ပြင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ မြန်မာနိုင်ငံ မြ၀တီ၊ ဘားအံ၊ မော်လမြိုင်၊ ထားဝယ်၊ ရန်ကုန်၊ မန္တလေး၊ ကျိုက်ထီးရိုးနဲ့ ပုဂံမြို့တွေကို သွားရောက် လည်ပတ်လိုတဲ့ နိုင်ငံခြားသားခရီးသည်တွေအတွက်လည်း VEGA Travel က ကုန်းလမ်းခရီးစဉ် ၀န်ဆောင်မှုတွေ ပေးနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013