DVB Logo
Home
မြန်မာသတင်း
ပခုက္ကူတက္ကသိုလ်ရှေ့ ဗုံးကွဲ၊ ရဲမှူး ၁ ဦး ဒဏ်ရာအပြင်းအထန်ရ
DVB
·
December 31, 2021
ပခုက္ကူတက္ကသိုလ်ရှေ့ ဗုံးကွဲ၊ ရဲမှူး  ၁ ဦး ဒဏ်ရာအပြင်းအထန်ရ
Donate to DVB

မကွေးတိုင်း၊ ပခုက္ကူမြို့ တက္ကသိုလ်ရှေ့အလယ်ပေါက်မှာ ချထားတဲ့ ဗုံးကို လာရောက်ရှင်းလင်းရာမှာ ပေါက်ကွဲမှုဖြစ်ပြီး  စစ်ကောင်စီ  ရဲမှူး ၁ ဦး ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ ပခုက္ကူ PDF အဖွဲ့က သိရပါတယ်။

ဒီဇင်ဘာ ၃၀ ရက် မနက်ပိုင်းက ပခုက္ကူတက္ကသိုလ်ရှေ့မှာ ဗုံး (သေတတ်သည်) ဆိုတဲ့စာသားနဲ့ ကျွတ်ကျွတ်အိတ် အမည်းရောင်အထုပ်ချထားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ လာရောက်ရှင်းလင်းချိန်မှာ အဝေးထိန်းစနစ်နဲ့ ဗုံးခွဲတိုက်ခိုက်ခဲ့တာလို့ ပခုက္ကူ PDF အဖွဲ့က ဆိုပါတယ်။

ပေါက်ကွဲမှုမှာ ရဲမှူးတယောက်   ဒဏ်ရာအပြင်းအထန်ရသွားပြီး ကျန်တပ်သားတွေလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။  ရဲတပ်သား ၁၅ ယောက်နဲ့ စစ်သား ၁၀ ယောက်လောက် အင်အားနဲ့ လာရောက်ဗုံးရှင်းခဲ့တာလို့ သိရပါတယ်။ 

တက္ကသိုလ်အနီးမှာနေထိုင်တဲ့ မြို့ခံတစ်ဦးက “မနေ့က မနက်လောက်က ဗုံးသေတတ်တယ်ဆိုတဲ့စာနဲ့ ပုံးကိုချထားတော့ ဗုံးဆိုတာနဲ့ လမ်းသွားလမ်းလာတွေလည်း မထိရဲကြဘူး။ စခနဲ့ရခတွေ မိုင်းရှင်းလာတော့ ထပေါက်တာ၊ ပေါက်တုန်းက ရှင်းလင်းတဲ့အဖွဲ့က လူသိပ်မများသေးဘူး၊ ပေါက်ပြီးမှ ၂၀ ကျော်လောက်ထပ်ရောက်လာကြတာ။ သေတတ်တယ်ဆိုတဲ့ စာပါတာကို ဘယ်သူမှ မထိရဲဘူး သူတို့ပဲ သွားရှင်းကြတာပေါ့။ ဟိုတလောကလည်း အီးကို ဗုံးပုံစံထုတ်ပြီး ပစ်ထားတာ သူတို့ကလည်း ဗုံးထင်ပြီးတော့ လာရှင်းတာ အီးဗုံးဖြစ်နေတာ။ အခုလည်း အဲ့လို အီးဗုံးထင်လို့ မကြောက်မရွံ့ လာရှင်းတာနဲ့တူပါတယ်” လို့ ပြောပါတယ်။ 

နောက်နောင် ပြည်သူတွေအနေနဲ့ အမည်းရောင်အထုပ်တွေ လမ်းခုလတ်မှာတွေ့ခဲ့ရင် မထိမကိုင် မယူဆောင်ကြဖို့နဲ့ ပြည်သူ့ရဲဘော်တွေ လုပ်ငန်းတာဝန်ဆောင်ရွက်နေချိန်မှာမြင်တွေ့ခဲ့ရင်လည်း နုတ်ရဲ့စောင့်ထိန်းခြင်းနဲ့ မသိကျေးကျွံပြုနေပေးဖို့ Pakkokku Ranger အဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

ပခုက္ကူ အမှတ် ၁၅ ရပ်ကွက်က အမှိုက်ကောက်လာတဲ့အမျိုးသားတယောက် ဒီဇင်ဘာ ၂၃ ရက်က  ပုံးခွံတစ်ခုကို ကောက်လာရာက နေအိမ်အရောက်မှာ ပေါက်ကွဲပြီး သေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013