DVB Logo
Home
မြန်မာသတင်း
ပရကျူတ်ခီရီခန်တွင် တရားမဝင်မြန်မာ ၄၇ ဦး ဖမ်းဆီးခံရ
DVB
·
December 30, 2021
ပရကျူတ်ခီရီခန်တွင် တရားမဝင်မြန်မာ ၄၇ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံအနောက်ပိုင်း ပရကျူတ်ခီရီခန်ခရိုင် ပရကျူတ်မြို့နယ် ကော်လတ်အုပ်စု နောင်ကဖော့ ရွာအနီးမှာ မနေ့က မြန်မာဘက်ခြမ်းကနေ တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းအလုပ်သမား ၄၇ ဦးကို ဖမ်းဆီးရမိတယ်လို့ ထိုင်းစစ်တပ်  Army PR Center သတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းနယ်ခြားစောင့်တပ် နဲ့ မြို့နယ်ရဲတပ်ဖွဲ့တာဝန်ရှိသူတွေပူးပေါင်းပြီး နယ်မြေထဲလုံခြုံရေး လှည့်လည်စစ်ဆေးစဉ် တောထဲကနေလမ်းလျှောက်လာတဲ့ သူတို့ကို ဖမ်းမိတာဖြစ်ကြောင်း၊ သူတို့ဟာ ထားဝယ်၊ ဧရာဝတီ၊ ပဲခူး၊ မော်လမြိုင်၊ ရန်ကုန်၊ မြိတ် စတဲ့ဒေသကဖြစ်ပြီး ဘန်ကောက်၊ နခွန်းပထုံ ၊ စမွတ်စခွန်း၊ ချွန်းပူးရီး နဲ့ ပရကျူတ်ခီရခန်မှာ အလုပ်လာလုပ်ဖို့ ပွဲစားကို တဦးလျှင် ဘတ် ၁၅၀၀၀ မှ ၁၈၀၀၀ ထိ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက သူတို့ကို ကိုဗစ်-၁၉ စစ်ဆေးပြီး လဝကဥပဒေနဲ့အရ ဆက်လက်အ ရေးယူသွားမယ်လို့ ဆိုပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013