DVB Logo
Home
မြန်မာသတင်း
မကွေးမြို့တွင် လျှပ်စစ်ထရမ်စဖော်မာ ၁ ခု ဗုံးခွဲခံရ
DVB
·
December 30, 2021
မကွေးမြို့တွင် လျှပ်စစ်ထရမ်စဖော်မာ ၁ ခု ဗုံးခွဲခံရ
1 / 4
Donate to DVB

မကွေးတိုင်း၊ မကွေးမြို့၊ ဗိုလ်ချုပ်လမ်းက မြို့နယ်လျှပ်စစ်ရုံးဝန်းအတွင်း၊ လမ်းဘေးရုံး ခြံစည်းရိုးအနီးမှာရှိတဲ့ လျှပ်စစ်ဓာတ်အားပေး ထရမ်စဖော်မာမှာ ဒီဇင်ဘာ ၃၀ ရက်နေ့ မနက် ၄ နာရီခွဲဝန်းကျင်က ဗုံး ၁ လုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

မကွေးမြို့ဒေသခံတဦးက “ဗုံးကွဲသံကြားရပြီး ဗိုလ်ချုပ်လမ်းတလျှောက်က ရုံးတွေနဲ့ အိမ်တွေ မီးပျက်သွားတယ်။ ဘယ်တတ်နိုင်မလဲ၊ ကလေးတွေကိုလည်း အပြစ်မမြင်ရက်ပါဘူး။ ကျနော်တို့ကကို ရုံးတွေကိုပေးတဲ့ ထရမ်စဖော်မာက မီးယူမိနေတာကိုးဗျ'' လို့ ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ထရမ်စဖော်မာနဲ့ ဆက်စပ်ပစ္စည်းတွေ ပျက်စီးသွားတယ်လို့ မြို့နယ်လျှပ်စစ်ရုံးရဲ့ တာဝန်ကျဝန်ထမ်းတဦးက ပြောပါတယ်။

“၃၁၅ ကေဗွီအေ ထရန်စဖော်မာနဲ့ ဆက်စပ်ပစ္စည်းတွေ ပျက်စီးသွားပြီး မီးပြန်လည်ပို့လွှတ်နိုင်ရေးကို အမြန်ဆုံးဆောင်ရွက်နေပါတယ်။” 

အဆိုပါဗုံးခွဲတိုက်ခိုက်မှုကို ဘယ်အဖွဲ့က ပြုလုပ်သွားတယ်ဆိုတာတော့ ထုတ်ပြန်ကြေညာထားတာ မရှိသေးပါဘူး။

အခုဗုံး ဖောက်ကွဲတဲ့ မြို့နယ်လျှပ်စစ်ရုံးအနီးမှာ စစ်ကောင်စီရဲ့တိုင်းရဲတပ်ဖွဲ့မှူးရုံး၊ အစိုးရအဖွဲ့တွေအပြင် အခြားဌာနဆိုင်ရာရုံးတွေ တည်ရှိနေတာလို့ ဒေသခံတွေဆီကသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013