DVB Logo
Home
မြန်မာသတင်း
သင်္ကန်းကျွန်း မိကျောင်းကန် အပိုင်း ၁၊ ၂ ပြန်ပေးရန် မရှိဟုဆို
DVB
·
January 27, 2014
သင်္ကန်းကျွန်း မိကျောင်းကန် အပိုင်း ၁၊ ၂ ပြန်ပေးရန် မရှိဟုဆို
Donate to DVB

သင်္ကန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း ၁နဲ့ ၂ ပြန်ရဖို့ မူလပိုင်ရှင် ပြည်သူတွေ အကြိမ်ကြိမ် ဆန္ဒပြခဲ့ကြပေမယ့် ဒီမြေတွေကို ပြန်ပေးဖို့ မရှိဘူးလို့ ကာကွယ်ရေးဝန်ကြီးဌာနက အိတ်ပိတ် ဖြေကြားခဲ့ကြောင်း သင်္ကန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်က အတည်ပြု ပြောဆိုပါတယ်။

[caption id="attachment_48304" align="alignleft" width="300"]သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြခဲ့ကြစဉ် သပိတ်စခန်းဖွင့်လှစ် ဆန္ဒပြခဲ့ကြစဉ်[/caption]ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြန်ကြားချက်ထဲမှာ ဒီမြေတွေနဲ့ ပတ်သက်ပြီး အရင် မီးရထား ၀န်ကြီးဌာနနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနကနေ ဥပဒေနဲ့အညီ လွှဲပြောင်းရယူခဲ့တာ ဖြစ်ကြောင်း၊ လက်ရှိ အဲဒီမြေပေါ်မှာ စစ်မှုထမ်းဟောင်းအိမ်ယာ ဆောက်ဖို့ ရှိလို့ ပြန်လည် စွန့်လွှတ်ဖို့ မရှိဘူးလို့ ဖော်ပြထားတယ်လို့ ဆိုပါတယ်။

စာထဲမှာ ကာကွယ်ရေးဝန်ကြီးဌာန တခုလုံးအနေနဲ့ မြေယာကိစ္စ ဖြေရှင်းရာမှာ ပိုင်ဆိုင်မှု အထောက်အထား ခိုင်လုံတဲ့သူတွေကို လျော်ကြေးပေးတာအပြင် မြေဧက ၄၇၀၀ ကျော်ကိုလည်း ပြန်လည် စွန့်လွှတ်ပေးခဲ့ပြီး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သင်္ကန်းကျွန်းမြို့နယ်အတွင်း တပ်က သိမ်းထားတဲ့မြေတွေ ပြန်လည်ရရှိရေး မိကျောင်းကန်ပြည်သူတွေဟာ ပြီးခဲ့တဲ့နှစ်က အကြိမ်ကြိမ် ဆန္ဒပြခဲ့ကြသလို သပိတ်စခန်းလည်း ဖွင့်လှစ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013