DVB Logo
Home
Lead Story
ရွှေလီ- ကျောက်ဖြူ လမ်းမကြီးကိစ္စ တရုတ်-မြန်မာ ဆွေးနွေး
DVB
·
January 27, 2014
ရွှေလီ- ကျောက်ဖြူ လမ်းမကြီးကိစ္စ တရုတ်-မြန်မာ ဆွေးနွေး
Donate to DVB

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တော်ကနေ နယ်စပ် ရွှေလီ- မူဆယ်ကို ဖြတ်ပြီး ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အထိ လမ်းဖောက်လုပ်ရေးဆိုင်ရာ အစည်းအဝေးကြီးတခုကို တရုတ်မြန်မာနယ်စပ် ရွှေလီမြို့မှာ ကျင်းပခဲ့ပြီး တရုတ်မြန်မာ နှစ်နိုင်ငံ အစိုးရ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ ဇန်န၀ါရီ ၂၀ ရက်နေ့ အစိုးရရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Myanmar and Chinese national flags are seen on a table during the opening ceremony of opening office of Pyithau Hluttaw Commission for Assessment of Legal Affairs and Special Issues office, in Yangonတရုတ်ဘက်က ဒုဝန်ကြီးနဲ့ မြန်မာဘက်က ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီးတွေ တက်ရောက်တဲ့ အဲဒီ ဆွေးနွေးပွဲမှာ လမ်းမကြီးနဲ့ ပတ်သက်ပြီး ရန်ပုံငွေ လိုအပ်ချက်ကိစ္စ၊ လမ်းအူကြောင်း ရွေးချယ်မှုဆိုင်ရာကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ကားလမ်းနဲ့ ရထားလမ်း ပါဝင်တဲ့ ဒီ လမ်းမကြီးနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဘက် အခြမ်းမှာတော့ ကူမင်း- ရွှေလီလမ်းမကြီးကို ဖောက်လုပ်နေတာ ပြီးစီးသလောက်ဖြစ်နေပြီလို့ နယ်စပ်ကုန်သည်တယောက်က ဒီဗွီဘီ ကို အတည်ပြုပြောဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013