DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းအတွင်း “ပျံလွှားအောင်" စစ်ဆင်ရေးအဖြစ် တိုက်ခိုက်မှု ၈ ခုပြုလုပ်
DVB
·
December 29, 2021
ရန်ကုန်တိုင်းအတွင်း “ပျံလွှားအောင်" စစ်ဆင်ရေးအဖြစ် တိုက်ခိုက်မှု ၈ ခုပြုလုပ်
Donate to DVB

ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က ဒီဇင်ဘာ ၂၅ ရက်ကနေ ၅ ရက်အတွင်း  စစ်ကောင်စီတပ်တွေကို ပစ်မှတ်ထားပြီး  “ပျံလွှားအောင်" စစ်ဆင်ရေးအနေနဲ့ စစ်ဆင်ရေးလှုပ်ရှားမှု ၈ ခုကို ပြုလုပ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီနေ့ မနက်ပိုင်းက အင်းစိန်မြို့နယ်၊ ရွာမရဲစခန်းကို ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေဖြစ်တဲ့ YFA နဲ့ CGF-HTY အဖွဲ့ဝင်တွေ ပူးပေါင်းပြီး ၄ဝ မမ ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ရဲသားတချို့ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်းမပေါ်၊ အခွန်ရုံးရှေ့က စစ်ကောင်စီတပ်သားတွေကိုလည်း ဒီမနက် ၁၀ နာရီခွဲလောက်မှာ ပြည်သူ့ ကာကွယ်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ YRF တပ်ဖွဲ့ဝင်တွေက လက်လုပ်မိုင်းနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီလက်ပါးစေတွေ သုံးနေတဲ့ ယာဉ်တစီးထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂၅ ရက် မနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးအဖွဲ့ STF တပ်ဖွဲ့ဝင်တွေနဲ့ YLA တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး မှော်ဘီမြို့နယ်က ခမရ ၉၁ ဂိတ်ကို လက်ပစ်ဗုံးနှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်လို့ စစ်သား ၂ ယောက် ဒဏ်ရရခဲ့ပြီး မနက် ၁၀ နာရီလောက်မှာလည်း စမ်းချောင်းမြို့နယ်၊ ဗဟိုလမ်းပေါ်က တရားရုံးနဲ့ ဂွဈေးနားမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီနေ့ နေ့လယ်ပိုင်းမှာပဲ မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်-ပြည်လမ်းမကြီးပေါ်က ရေကြည်အိုင် စစ်ကြောရေးစခန်းနဲ့ လှော်ကားပင်မ ဓာတ်အားခွဲရုံနားကို ရောက်လာတဲ့ စစ်တပ်ယာဉ်တန်းကို DRF တပ်ဖွဲ့ဝင်တွေက ၃ ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂၆ ရက် မနက် ၃ နာရီလောက်မှာတော့ ကွမ်းခြံကုန်းမြို့နယ်၊ တော်ခရမ်းလေးကျေးရွာ အဝင်က စစ်ဆေးရေးဂိတ်နဲ့ ဒဂုံဆိပ်ကမ်းရဲစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ၄ဝ မမ ဗုံးသီးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့လို့ စစ်သား ၄ ယောက် သေဆုံးပြီး တချို့ ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။

ဒီဇင်ဘာ ၂၈ ရက် မနက် ၆ နာရီလောက်မှာ တောင်ဒဂုံမြို့နယ်၊ မြိတ်လမ်းနဲ့ ဧရာဝဏ်လမ်းဆုံအပါအဝင် လမ်းတလျှောက် ကင်းလှည့်သွားလာနေတဲ့ စစ်ယာဉ်တန်းကိုလည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဖြစ်တဲ့ ACPLF နဲ့ SSUG တပ်ဖွဲ့ဝင်တွေက မိုင်းခွဲ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးတော့ လှိုင်မြို့နယ်၊ ဘူတာရုံလမ်းနဲ့ အောက်ဗဟိုလမ်းကြားက ရထားသံလမ်းနားမှာ ကင်း လှည့်နေတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာ ၂၈ ရက် ည ၁၀ နာရီခွဲလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပဒေသာမိုင်း ၄ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ ကင်းလှည့်ဆိုင်ကယ် ၁ စီး ပျက်စီးခဲ့ပြီး စစ်သားအချို့ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013