DVB Logo
Home
မြန်မာသတင်း
မိုဆိုကျေးရွာအနီး အစုအပြုံလိုက်မီးရှို့အသတ်ခံရသည့် ရုပ်လောင်း ၃၀ ကျော်ကို မြေမြှုပ်သင်္ဂြိုဟ်
DVB
·
December 29, 2021
မိုဆိုကျေးရွာအနီး အစုအပြုံလိုက်မီးရှို့အသတ်ခံရသည့် ရုပ်လောင်း ၃၀ ကျော်ကို မြေမြှုပ်သင်္ဂြိုဟ်
1 / 4
Donate to DVB

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး ဒီဇင်ဘာ ၂၄ ရက်က အစုအပြုံလိုက် မီးရှို့ခံခဲ့ရသူ ၃၀ ကျော်ရဲ့ ရုပ်လောင်းတွေကို ဒီကနေ့ ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်းက ဒီးမော့ဆိုမြို့နယ်တနေရာမှာ မြေမြှုပ်သင်္ဂြိုဟ်ခဲ့ပါတယ်။

Save the Children ဝန်ထမ်း ၂ ဦး အပါအဝင် မီးရှို့ခံရသူ ၃၀ ကျော်ရဲ့ ကြွင်းကျန်ရုပ်လောင်းတွေအပါအဝင်  နယ်ခြားစောင့်တပ်က သတ်ဖြတ်ခံရတဲ့ တပ်သား ၄ ဦးရဲ့ ရုပ်လောင်းတွေကိုလည်း ဒီကနေ့ တပါတည်း သင်္ဂြိုဟ်ခဲ့တာလို့ သိရပါတယ်။

ရုပ်လောင်း ၂၇ လောင်းသာ ပြန်လည်ကောက်ယူနိုင်ပြီး နားကပ်တွေပါတဲ့အတွက် အမျိုးသမီးတွေ ပိုများနိုင်တယ်လို့ ရုပ်အလောင်းသွားကောက်ရာမှာ ပါဝင်တဲ့ တော်လှန်ရေးတပ်သားတဦး ပြောပြချက်အရ သိရပါတယ်။

မီးရှို့သတ်ဖြတ်ခံရသူ လူပေါင်း ၃၀ ကျော်မှာ  Save the Children က ဝန်ထမ်း ၂ ဦး၊ ကလေးငယ် ၄ ဦးနဲ့  အမျိုးသမီး ၂ ဦးလည်း ပါဝင်ကြောင်း UNICEF က ဒီဇင်ဘာ ၂၈ မှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လွိုင်ကော်မြို့ရှိ ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်ပိုင်ရှင် ဦးကျော်လွင်ထူးနဲ့ သူ့ဝန်ထမ်း ၇ ဦးလည်း ဘောခဲမြိုနယ်ကို စက်သုံးဆီ သွားရောက်ပို့ဆောင်စဉ် ပျောက်ဆုံးနေပြီး ဒီမီးရှို့ခံရမှုမှာ ပါဝင်နိုင်ကြောင်း ခန်းမှန်းပြောဆိုနေကြပါတယ်။

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ လက်အောက်ခံ ကရင်နီပြည်ရဲဌာန (KSP) ကတော့ ဖရူဆိုမြို့နယ် မိုဆိုရွာက အစုအပြုံလိုက် သတ်ဖြတ်မီးရှို့မှုကို အတိအကျစုံစမ်းနေပြီး တစ်ကမ္ဘာလုံးသိအောင် ဖော်ထုတ်သွားမယ်လို့ ပြောထားပါတယ်။

ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး အဆိုပါ မီးရှို့သတ်ဖြတ်မှုဖြစ်စဉ်နဲ့  ပတ်သက်ပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက ရှုတ်ချကန့်ကွက်ထားကြပြီး ကျူးလွန်သူကို  စုံစမ်းစစ်ဆေး အရေးယူဖို့ တောင်းဆိုနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013