DVB Logo
Home
မြန်မာသတင်း
အနိမ့်ဆုံးလုပ်အားခ ကျပ် ၄၈၀၀ ပြောင်းလဲသတ်မှတ်ရန်မရှိဟု စစ်ကောင်စီ ကြေညာ
DVB
·
December 29, 2021
အနိမ့်ဆုံးလုပ်အားခ ကျပ် ၄၈၀၀ ပြောင်းလဲသတ်မှတ်ရန်မရှိဟု စစ်ကောင်စီ ကြေညာ
Donate to DVB

မြန်မာနိုင်ငံတွင်း အလုပ်သမားတွေရဲ့ အနည်းဆုံးအခကြေးငွေလုပ်အားခ တစ်နာရီကျပ် ၆၀၀ နှုန်း၊ တရက် ၈ နာရီအတွက် ကျပ် ၄၈၀၀ နှုန်းသာ အတည်ဖြစ်ပြီး ပြောင်းလဲသတ်မှတ်ဖို့ မရှိဘူးလို့ စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ကြေညာပါတယ်။

အနည်းဆုံးအခကြေးငွေကို တရက်ကျပ် ၃၆၀၀ နှုန်းနဲ့ ပြောင်းလဲမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် အခုလို ငြင်းဆိုလိုက်တာပါ။

တစ်ရက်လုပ်ခ ကျပ် ၄၈၀၀ နှုန်းကို ၂၀၁၈ ခုနှစ် အန်အယ်လ်ဒီအစိုးရလက်ထက်မှာ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက သတ်မှတ်အတည်ပြုခဲ့တာပါ။

အနည်းဆုံး အခကြေးငွေကို ၂ နှစ်တစ်ကြိမ် တိုးမြှင့်ပြင်ဆင်ရမှာဖြစ်ပေမယ့် ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုရဲ့ ရိုက်ခတ်မှုတွေကြောင့် ပြန်လည်သုံးသပ်ပြင်ဆင်တဲ့လုပ်ငန်းတွေ ခေတ္တဆိုင်းငံထားရတာ ဖြစ်ပါတယ်။

အနည်းဆုံးအခကြေးငွေ ပြန်လည်သုံးသပ်ပြင်ဆင်ရာမှာ လက်ရှိနှုန်းထားထက် လျှော့ သတ်မှတ်လေ့မရှိဘဲ၊ လက်ရှိနှုန်းကိုဆက်လက်အတည်ပြုတာ၊ တိုးမြှင့်သတ်မှတ်တာတွေပဲ လုပ်ဖို့ရှိတယ်လို့  စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနရဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။

အနည်းဆုံးအခကြေးငွေကို ဇန်နဝါရီလကစလို့ ကျပ် ၃၆၀၀ နှုန်း ပြောင်းလဲမယ်ဆိုတဲ့သတင်းဟာ အလုပ်သမားတွေအကြား ပျံ့နှံ့နေသလို အဲဒီလို အနည်းဆုံးလုပ်ခလျှော့ချမယ်ဆိုတဲ့ သတင်းစကားကြောင့် အလုပ်သမားတွေအကြား ဝေဖန်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပါတယ်။

ရွှေပြည်သာစက်မှုဇုန်က စက်ရုံလုပ်သားတစ်ဦးက "အလုပ်ရှင်တွေဘက်က လေသံပစ်ပြီး သွေးတိုးစမ်းတဲ့သဘော။ အလုပ်သမားတွေ လက်မခံတဲ့ အသံကြောင့် လေသံပြောင်းသွားတာလို့ ထင်တာပဲ” လို့ ပြောပါတယ်။

အနည်းဆုံးလုပ်ခကို လျှော့ချမှာမဟုတ်ဘူးလို့ စစ်ကောင်စီဘက်က ထုတ်ပြောလာပေမဲ့ လက်ရှိလုပ်ငန်းခွင်တွေမှာ လုပ်ခလစာအပြည့်မရတာ၊ ဥပဒေမဲ့ နေ့စားပုတ်ပြတ်စနစ်တွေနဲ့ ခိုင်းစေနေတဲ့အပေါ် သက်ဆိုင်ရာက တာဝန်ယူဖြေရှင်းပေးတာမရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။

ဒါ့အပြင် မြန်မာကျပ်ငွေတန်ဖိုးကျပြီး ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေတာကြောင့် အလုပ်သမားတွေဟာ လုပ်ခလစာနဲ့ မလောက်ငပဲ စီးပွားရေးကျပ်တည်းမှုဒဏ် ခံနေကြရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013