DVB Logo
Home
မြန်မာသတင်း
လော်ခီးလာ အပစ်ရပ်မူကြမ်း ရှမ်းပြည်တပ်မတော် လက်မှတ်မထိုး
DVB
·
January 26, 2014
လော်ခီးလာ အပစ်ရပ်မူကြမ်း ရှမ်းပြည်တပ်မတော် လက်မှတ်မထိုး
Donate to DVB

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ရှမ်းပြည်တပ်မတော်က လော်ခီးလာခီလာခံမှာ သဘောတူခဲ့တဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးကို လက်မှတ် မထိုးနိုင်သေးဘူးလို့ ပြောပါတယ်။
ကရင်ပြည်နယ် လောခီးလာမှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ညီလာခံမှာ တနိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေကို လက်မှတ်ထိုးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ညီလာခံကို တက်ရောက်လာတဲ့ RCSS/SSA ရှမ်းပြည် တပ်မတော်ကတော့ လက်မှတ်မထိုးခဲ့ပါဘူး။

ssas1ရှမ်းပြည်ပြန်လည်ထူထောင်ရေးကော်စီ ရှမ်းပြည် တပ်မတော် SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးစိုင်းလ က “ဒုတိယအကြိမ် ညီလာခံမှာ လက်မှတ်ထိုးဖို့ ကျနော်တို့ ဗဟိုက ဘာမှ မပြောသေးပါဘူးခင်ဗျ။ အခု လက်ရှိမှုက ၂ ပိုင်းရှိပါတယ်။ တပိုင်းက တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးကိစ္စ နောက်တပိုင်းကတော့ နိုင်ငံလုံးဆိုင်ရာ ဆွေးနွေးရေးမူပေါ့။ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ကိစ္စ ကျနော်တို့နဲ့ ဘာမှ ပြဿနာ မရှိပါဘူး။ ကျနော်တို့နဲ့ မူတထပ်တည်းလို့ ပြောလို့ ရပါတယ်။ ဒါပေမယ့် နိုင်ငံရေးပိုင်းကိစ္စနဲ့ ပတ်သက်လာရင်တော့ ပြည်တွင်းထဲမှာရှိတဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့တွေရဲ့ သဘောထားတွေကို ပြည်လည် ရယူမှာ ဆုံးဖြတ်နိုင်ခွင့်ရှိတယ်လို့ အဲဒီလို မြင်ပါတယ်” လို့ ဆိုပါတယ်။

ညီလာခံကို တိုင်းရင်းသား အဖွဲ့ ၁၇ ဖွဲ့ ကိုယ်စားလှယ် ၁၆၀ ကျော် တက်ရောက်ခဲ့ပြီး ၁၆ ဖွဲ့က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ထိုးခဲ့ပါတယ်။

RCSS/SSA ကတော့ လိုင်ဇာမှာ ကျင်းပခဲ့တဲ့ တနိုင်ငံလုံး အပစ်ရပ်ရေး မူကြမ်း ညီလာခံ တုန်းလည်း လက်မှတ်မထိုးခဲ့ပါဘူး။ သူတို့အနေနဲ့ အစိုးရထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့လည်း သီးသန့်တွေ့ဆုံဖို့ ကန်းလမ်းထားတာတွေ ရှိပေမယ့် အစိုးရဖက်က အကြောင်းပြန်ကြားတာတွေ မရှိသေးဘူးလို့ ဗိုလ်မှူးစိုင်းလက ပြောပါတယ်။

ဒီညီလာခံကို ဇန်န၀ါရီလ ၂၀ ရက်နေ့ကနေ ၂၅ ရက်နေ့ ထိ ၆ ရက်အကြာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ ထွက်လာတဲ့ မူကြမ်းကိုလည်း လာမယ့် ဖေဖော်ဝါရီလ မကုန်ခင်မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြားပြုလုပ်မယ့် ဘားအံ ဆွေးနွေးပွဲမှာ ဆက်လက် တင်ပြဆွေးနွေးကြမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013