DVB Logo
Home
မြန်မာသတင်း
ငွေကြေးဖောင်းပွမှု လျှော့ချရန် စီးပွားရေးလုပ်ငန်းတွေ ထိန်းချုပ်သင့်
DVB
·
January 25, 2014
ငွေကြေးဖောင်းပွမှု လျှော့ချရန် စီးပွားရေးလုပ်ငန်းတွေ ထိန်းချုပ်သင့်
Donate to DVB

ငွေကြေးဖောင်းပွမှုကို လျှော့ချဖို့အတွက် စီးပွားရေးလုပ်ငန်းတွေက ထိန်းချုပ်သင့်တယ်လို့ သမ္မတစီးပွားရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာ ဦးမြင့် က ပြောကြားလိုက်ပါတယ်။
ဇန်နဝါရီလ ၂၃ ရက်နေ့က စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ ကျင်းပတဲ့ မြန်မာနို်င်ငံတွက် မက်ခရိုဘောဂဗေဒ သင်ခန်းစာ ဟောပြောပွဲမှာ ပြောခဲ့တာပါ။

money“ဆိုပါတော့ စီးပွားရေးက မြန်နေတက်တော့ inflation တွေက ဖြစ်နေပြီ။ တိုင်းပြည်မှာ ငွေဖောင်းပွမှုတွေက အကြီးအကျယ် ဖြစ်နေပြီဆိုတော့ ဘာလုပ်ရမလဲဆိုတော့ ဝယ်လိုအားက တိုးနေတယ်။ ကုန်စည်နဲ့ ဝန်ဆောင်မှုကလည်း အများကြီးဖြစ်နေတယ်။ ငွေဖောင်းပွမှုကလည်း ထိန်းမရ ဖြစ်နေတယ် အဲ့တော့ ပေါ်လစီအရ စီးပွားရေးကို တုန့်ပြန်ရမယ်။ ခုမြန်မာပြည်က ဒုက္ခရောက်နေတာက ဒီ inflation ပါပဲ inflation က ဘယ်သူဖန်တီးလဲဆိုတော့ အစိုးရပါပဲ၊ အစိုးရကြောင့် inflation ဖြစ်ရတာပါ။ ဘက်ဂျက် defences က အမြဲတမ်းဖြစ်နေတော့ အဲတာက သူတို့က ကောင်းမှန်းသိနေတာပေါ့။ ဘက်ဂျက် defense ဖြစ်ရင် ငွေစက္ကူရိုက်လိုက်ကွာ ဆိုတော့ ကျနော်တို့အပေါ်လာပြီး ဖိစီးတာပေါ့”

အစိုးရအနေနဲ့ GDP တိုးတက်အောင် ဆောင်ရွက်နည်းလမ်းတွေကိုလည်း သူက ဆက်ပြော ပါတယ်။

“အစိုးရ အနေနဲ့ကလည်း GDP မှာ အများကြီး လုပ်ဆောင်နို်င်တယ် ဘက်ဂျက်ကိုသုံးပြီး လုပ်လို့ရတဲ့ အနေအထားတွေ ဘက်ဂျက်ကို တိုးလိုက်တာနဲ့ သူ့အနေနဲ့က GDP တက်ပြီ အစိုးရအနေနဲ့ ပြောင်းချင်အလွယ်လေး ပို့ကုန် သွင်းကုန်တွေ ပိတ်လိုက်လို့ရတာပဲ အတ်စပို့ လုပ်ရင်လည်း လိုင်စင်တွေ အများကြီး လုပ်လို့ရတာပဲ ဒီဟာ အားလုံးကလည်း အစိုးရက ကိုင်ထားတာပဲ။ စီးပွားရေး ကျဆင်းတဲ့ အခါမှာ အလုပ်အကိုင်တွေ ကျဆင်းတဲ့အခါမှာ အစိုးရ အနေနဲ့ ဝင်ရောက် ဆောင်ရွက်လို့ရတယ်။ ဆေးရုံတွေဆောက်မယ်၊ ကျောင်းတွေဆောက်မယ်၊ ကျေးရွာ လမ်းတွေ ဆောက်မယ်၊ ဆည်မြောင်းဆောက်မယ်၊ ကျေးလက်ချေးငွေတွေ တိုးမယ်၊ ဒါတွေ လုပ်မယ်ဆိုရင်တော့ gdpတက်သွားမှာပေါ့ ဒါ တိုက်ရိုက်လုပ်လို့ရတယ် တိုင်းပြည် တပြည်က နှေးကွေးနေမယ် ဆိုရင် တက်စ်တွေကိုလျော့ပေါ့။”

မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုနှုန်းက ၂၀၁၂ ခုနှစ်မှာ ၂ ဒဿမ ၈ ရာခိုင်နှုန်းဘဲရှိခဲ့ပေမယ့် ၂၀၁၃ ခုနှစ် သြဂုတ်လမှာတော့ ၇ ဒဿမ ၂ ရာခိုင်နှုန်းအထိ မြှင့်တက်လာခဲ့လို့ ဒီအခြေအနေ အတိုင်းသာဆိုရင် လာမယ့် ဘဏ္ဍာနှစ်မှာ ၇ ဒဿမ ၇၅ ရာခိုင်နှုန်းအထိ မြှင့်တက် လာနိုင်တယ်လို့ IMF သတိပေးထားတာပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013