DVB Logo
Home
မြန်မာသတင်း
ရဲတပ်ကြပ်ကြီး ပျောက်ဆုံးနေမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေး
DVB
·
January 25, 2014
ရဲတပ်ကြပ်ကြီး ပျောက်ဆုံးနေမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေး
Donate to DVB

မောင်းတောမြို့နယ် ရဲတပ်ကြပ်ကြီး ပျောက်ဆုံးနေမှုနဲ့ ပတ်သက်ပြီး အနီးရွာတွေကို ထွက်ပြေး တိမ်းရှောင်နေတဲ့ သူတွေကို ဖမ်းဆီးစစ်ဆေးနေပြီ ဖြစ်ပါတယ်။

ရဲတပ်ကြပ်ကြီး ပျောက်ဆုံးတဲ့ ဒူချီရာတန်းကျေးရွာက ရွာခံယောက်ျားသားတွေအားလုံး အနီး ၀န်းကျင်ရွာတွေမှာ ထွက်ပြေးတိန်းရှောင်နေတဲ့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေက ဖမ်းဆီးစစ်ဆေးနိုင်အောင် မောင်းတောမြို့နယ်ရှိရွာတွေမှာ စိစစ် နေပါတယ်။

Muslim-children-Maungdawဇန်န၀ါရီလ ၁၃ ရက်နေ့ ည ၉ နာရီခန့်မှာ မောင်းတောမြို့နယ် ခရေမြိုင်ရဲကင်းမှ နယ်မြေလုံခြုံရေး ပူးပေါင်းအဖွဲ့ လှည့်ကင်းဆောင်ရွက်နေစဉ် အုပ်ချုပ်ရေးပိုင်တာဝန်ရှိသူ သုံးဦးအပါအ၀င် ရဲတပ်ဖွဲ့ဝင် လေးဦးတို့ကို ဒူချီရားတန်းကျေးရွာမှာ ဘင်္ဂလီများက အုပ်စုဖွဲ့ပြီးအကြမ်းဖက် တိုက်ခိုက်မှုကြောင့် ရဲတပ်ကြပ်ကြီး ဦးအောင်ကျော်သိန်းမှာ လူစုကွဲပြီး ရွားထဲမှာ ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။

တရားခံကို ဖမ်းဆီးအရေးယူနိုင်ရေးအတွက် အနီးဝန်းကျင်ရွာတွေကို ထွက်ပြေးနေတဲ့ ဒူချီရာတန်း ကျေးရွာက ယောက်ျားသားတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက ရှာဖွေ စိစစ် နေတယ်လို့ မောင်းတောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်စန်းက ဒီဗွီဘီကို အခုလိုပြောပါတယ်။

“ယောက်ျားသားတွေက သူတို့ ပါဝင်ပတ်သက်လို့ ထွက်ပြေးနေတာ ဖြစ်မှာပေါ့။ ထွက်ပြေးနေတဲ့ အခါကြတော့ ပတ်ဝန်းကျင်ကျေးရွာနဲ့ နီးစပ်ရာတွေကိုပဲ ရှာဖွေစိစစ်နေရတဲ့ အပိုင်းပဲ ဖြစ်နေတာပေါ့။ အဓိကတော့ ဖမ်းထားတဲ့အနေအထားပဲရှိတာပေါ့။ အရေးကြီးဆုံးကတော့ တရားခံဖော်ထုတ်ဖို့၊ ပျောက်နေတဲ့ လက်နက်တွေ ပြန်လည်ရရှိဖို့ပါ။”

ဒူချီရာတန်းကျေးရွာဟာ အိမ်ခြေတရာကျော်ရှိပြီး မောင်းတောမြို့နယ်ရဲ့ တောင်ဘက် ဘင်္ဂါလီ လူမျိုးတွေ နေထိုင်တဲ့ ရွာတရွာဖြစ်ပါတယ်။

တရားခံကို အမြန်ဆုံး ဖော်ထုတ်နိုင်အောင်လုပ်နေတယ်လို့ ပြည်နယ်ဝန်ကြီးရဲ့ ပြောရေး ဆိုခွင့်ရှိသူ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူက အခုလိုပြောပါတယ်။

“လုံခြုံရေးတော့ ယူထားတာပေါ့။ ကျေးရွာက တရားခံကို လက်နက်လည်း ယူသွားတယ်၊ လူကလည်းသေသွားတယ်။ အလောင်းလည်း ရှာမရဘူးဆိုတော့ တရားခံကို လိုက်ပြီး စုံစမ်း စစ်ဆေးဖို့ ရဲတပ်ဖွဲ့ကနေပြီးတော့ သွားလာတာတော့ ရှိတယ်။ ယောက်ျားတွေက တယောက်မှ မရှိတော့ဘူး။ အရွယ်မရောက်တဲ့ ကလေးတွေနဲ့ မိန်းမတွေကတော့ တခြားရွာမှာ သူ့တို့ဆွေမျိုးတွေဆီ သွားနေနေတာ တွေ့တယ်။”

မနေ့ ညနေက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်ဦးဆောင်ပြီး စီမံရေးနဲ့ ဘဏ္ဍာရေး ၀န်ကြီး ဦးမောင်စန်းရွှေ၊ သစ်တော၊ သတ္တုဝန်ကြီးဦးကျော်သိန်း၊ ပြည်နယ်လ၀ကမှူး ဦးကျော်ယဉ်ဦးတို့နဲ့အတူ ပညာရေးကျန်းမာရေး တာဝန်ရှိသူတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းမှ တာဝန်ရှိသူတွေက ဒေသခံတွေနဲ့ တွေ့ဆုံမေးမြန်ခဲ့ပါတယ်။

မောင်တောမြို့နယ် ဒူချီရာတန်းကျေးရွာမှာ လူ့အသက်တွေ ဆုံးရှုံးခဲ့ရမှုကို အလျင်အမြန်နဲ့ ပြည့်ပြည့်စုံစုံ စုံစမ်းစစ်ဆေးဖို့နဲ့ သေဆုံးသူမိသားစုတွေအတွက် တရားမျှတမှု ရှိအောင် ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာ မင်းကြီး နာဗီ ပီလေးက ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါ။

မြန်မာအစိုးရကတော့ အရပ်သားတွေ သေဆုံးခဲ့ရမှု မရှိကြောင်းနဲ့ ရဲတပ်ကြပ်ကြီးတဦးသာ လက်နက်နဲ့အတူ ပျောက်ဆုံးနေတာလို့ သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့ပြင် နိုင်ငံခြား သတင်း ဌာနတွေက ထုတ်လွှင့်နေတဲ့ ရခိုင်တိုင်းရင်းသားတွေက မွတ်စလင်တွေကို သတ်ဖြတ်နေတယ် ဆိုတဲ့ သတင်းတွေဟာလည်း လုံးဝ မဟုတ်မှန်ကြောင်း နိုင်ငံပိုင် မီဒီယာတွေကနေ ရှင်းလင်း ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013