DVB Logo
Home
မြန်မာသတင်း
အလုပ်သမား စာရင်း ကောက်ခံမည်
DVB
·
January 24, 2014
အလုပ်သမား စာရင်း ကောက်ခံမည်
Donate to DVB

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူပြီးသွားရင် ဒီစာရင်းပေါ်မှာ အခြေခံပြီး အလုပ်သမား စာရင်း ကောက်ယူသွားမယ်လို့ နေပြည်တော် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာနမှာ ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ပြောဆိုလိုက်ပါတယ်။

workerဇန်န၀ါရီ ၂၄ ရက်နေ့ လူ့စွမ်းအား ဖွံ့ဖြိုးမှု အညွှန်းကိန်းများ အသုံးပြုသူများ၏ အလုပ်ရုံဆွေးနွေးပွဲမှာ တက်ရောက်လာတဲ့ အလုပ်သမား အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါ်ဝင်းမော်ထွန်းက အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အိမ်ထောင်စုကို အခြေခံတဲ့ လုပ်သား အင်အား နမှုနာ စစ်တမ်းကို ၁၉၉၀ နှစ်က မြန်မာနိုင်ငံတ၀န်းလုံးမှာ ကောက်ယူနိုင်ခဲ့ပြီး မကောက်ယူနိုင်တာ ဆယ်စုနှစ် ၂ ခု ကြာမြင့် ခဲ့တာဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO)ရဲ့ အကူအညီနဲ့ ကောက်ခံသွားမှာ ဖြစ်တယ်လို့ သူကပြောပါတယ်။

ဒီဆွေးနွေးပွဲကို တက်ရောက်လာတဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင်လည်းဖြစ် အလုပ်သမားဝန်ကြီးဌာနက အငြိမ်းစား ညွန်ကြားရေးမှူးလည်းဖြစ်တဲ့ ဦးခင်မောင်လေးက ဒုဝန်ကြီးရဲ့ မိန့်ခွန်းကို ကိုးကားပြီး အခုလို ပြောဆိုပါတယ်။

“အဲဒီလို ကောက်ယူတယ်ဆိုတဲ့ အပိုင်းမှာ ကျနော်တို့ မကောက်ယူခင်မှာ လူဝင်မှုကြီးကြပ်ရေးက ကောက်ယူမယ်ဆိုတဲ့ သန်းခေါင်စာရင်း ကောက်ယူမှုအပြီး သူတို့ကောက်ယူမှုက ရရှိတဲ့ အချက်အလက်တွေပေါ်မူတည်ပြီး ကျနော်တို့ ကောက်ယူမှာ ဖြစ်ပါတယ်။ ဒီထဲမှာ ကြည်လိုက်ရင် တော်တော်များများ ၁၉၉၀ ကောက်ယူခဲ့တာပါ။ အရင်တုန်းက လူဦးရေပေါ်မှာပဲ မူတည်ပြီး ခန့်မှန်း တွက်ချက်ထားတဲ့ အနေအထားပဲ ရှိပါတယ်။ ဒီနှစ်မှာ ထူးခြားမှာက တိတိကျကျ လူဦးရေ စာရင်းကို ရရှိမှုအပေါ်မှာ တွက်ချက်ရင် ပိုပြီး ပြီးပြည့်စုံမယ့် အနေအထားရှိပါတယ်။”

ဒီစစ်တမ်းကို ကောက်ယူတဲ့အတွက်နိုင်ငံရဲ့ လုပ်သား အင်အား၊ အလုပ်လက်မဲ့ အခြေအနေများ၊ အလုပ်သမားနဲ့ ပတ်သက်တဲ့ စာရင်းအင်း အချက်အလက်များကိုသိရှိနိုင်မှာ ဖြစ်ပြီး ဒီအချက်တွေ ပေါ်မှာ အခြေခံပြီး မှန်ကန် ကောင်းမွန်တဲ့ စီမံကိန်းတွေကို ချမှတ်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၃ ခုနှစ်က ပြုလုပ်ခဲ့တဲ့ အထောက်အကူပြုလုပ်ငန်း အစည်းအဝေးမှာ ကောက်ခံခဲ့တဲ့ အညွန်းကိန်းတွေ ပါတဲ့စာတွေနဲ့ ပတ်သက်ပြီးပြုစုထားတဲ့ စာအုပ်အကြမ်း ရှိသလို ဒီအထဲက အညွှန်းကိန်းတွေ မှန်ကန်မှု ရှိမရှိ ပြင်ဆင်လို့ရတာကို ပြင်ဆင်ဖို့ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပတာလို့ ဆွေးနွေးပွဲတက်ရောက်တဲ့ အလုပ်သမား ၀န်ကြီးဌာနက ညွှန်ကြားရေးမှူး တဦးက ပြောပါတယ်။

၁၉၉၇ ခုနှစ်ကနေ စတင်ပြီး ၁၄ ကြိမ်မြောက် ပြုစုထုတ်ဝေထားတဲ့ ၂၀၁၀ ခုနှစ် လူစွမ်းအား ဖွံ့ဖြိုးမှု အညွှန်းကိန်းများ လက်စွဲစာအုပ်အရ ၂၀၀၉ - ၁၀ ခုနှစ်မှာ စုစုပေါင်း လုပ်သား အင်အား သန်းပေါင်း ၃၀.၄၉ရှိပြီး အလုပ်လက်မဲ့မှာ ရာခိုင်နှုန်းအားဖြင့် ၄ ရာခိုင်နှုန်း ရှိတယ်လို့ ဖော်ပြ ထားပါတယ်။

ဒါပေမယ့် ပြောင်းလဲနေတဲ့ စီးပွားရေး အခြေအနေနဲ့ အလုပ်အကိုင် ပုံသဏ္ဍာန်တို့ကြောင့် လုပ်သား အင်အားနဲ့ အလုပ်လက်မဲ့နှုန်း ခန့်မှန်းခြေ ခိုင်လုံမှုကို ပြန်လည် စဉ်းစားရဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲမှာ အချက်အလက်ကောက်ခံမှုနဲ့ သက်ဆိုင်တဲ့ ၀န်ကြီးဌာနနဲ့လေ့လာသူ ၆၀ ဦး တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013