DVB Logo
Home
လူမှုရေး
အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်း အသစ်ဆွဲ လွှတ်တော်တင်
DVB
·
January 24, 2014
အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်း အသစ်ဆွဲ လွှတ်တော်တင်
Donate to DVB

အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို အန်ဂျီအို အိုင်အန်ဂျီအိုတွေနဲ့အ ကြိမ်ကြိမ်ဆွေးနွေးပြီး အသစ် ပြန်လည်ရေးဆွဲကာ ပြည်သူ့လွှတ်တော်ကို တင်လိုက်ပါပြီ။

Parliment Jan 2013ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေးကော်မတီက တာဝန်ယူ တင်သွင်းလိုက်တာဖြစ်ပြီး အသစ်ရေးတင်တာပါလို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောပါတယ်။

“အန်ဂျီအိုတွေ အိုင်အန်ဂျီအိုတွေ ၀ိုင်းဝန်းဆွေးနွေးကြပြီးတော့ နောက်ဆုံး ပြင်လိုက်တဲ့ဟာပေါ့။ မူလဟာကို ပြန်ရုပ်သိမ်းပြီးတော့ နောက်ဆုံးဟာကို အသစ်တင်သွင်းတဲ့ဟာကို စိစစ်ပြီး လွှတ်တော်ကို တင်သွင်းတာဖြစ်ပါတယ်။”

လွှတ်တော်ထဲ ဇန်န၀ါရီလ ၂၇ရက်မှာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

၂၀၁၃ခုနှစ်အတွင်း အသင်းအဖွဲ့ဥပဒေကြမ်း လွှတ်တော်တင်ဖို့လုပ်တုန်းက ပြည်တွင်းရှိ အသင်း အဖွဲ့တွေ ရာနဲ့ချီ ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။

Equal Myanmar ဒါရိုက်တာ ဦးအောင်မျိုးမင်းက အခု လွှတ်တော်တင်တဲ့ ဥပဒေကြမ်းမှာ အသင်းအဖွဲ့တွေ လိုလားချက် တော်တော်များများ ပါတယ်လို့ ပြောပါတယ်။

“အသင်းအဖွဲ့ လိုလားသလောက် တော်တော်များများပါပါတယ်။ အထူးသဖြင့် ဥပဒေ နာမည်ကို ပြောင်းသွားတယ်။ အရင်တုန်းက အသင်းအဖွဲ့ ဖွဲ့စည်းမှုပိုင်းဆိုင်ရာ ဒါပေမယ့် အခုက အသင်းအဖွဲ့များ မှတ်ပုံတင်ဆိုင်ရာ ဥပဒေ ဆိုပြီး ပြောင်းသွားတာ ကောင်းတယ်။ နောက်တခုက ဒီနေရာမှာ ထူးထူးခြားခြား ပြောင်းလဲချက်ကတော့ အရင်တုန်းက အသင်းအဖွဲ့မှန်သမျှက မဖြစ်မနေ မှတ်ပုံတင်ရမယ်။ တကယ်လို့ မတင်ဘူးဆိုရင် ထောင်ဒဏ်ရော ငွေဒဏ်ရော ချမှတ်နေရာကနေ အခုဆိုရင် မြို့နယ်အဆင့်ဆိုရင် တင်စရာမလိုဘူး။ နောက်တခါ ဆန္ဒရှိလို့မှ တင်ရမယ်ဆိုတဲ့ သဘောမျိုးတွေ ပါဝင်တာ အရင်ပထမဦးဆုံး မူကြမ်းထက်စာရင် တော်တော်ကြီးကို တိုးတက်လာပါတယ်ခင်ဗျ။”

အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဒီတကြိမ်လွှတ်တော်ထဲ အပြီးသတ် အတည်ပြုဖို့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013